အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ | အမှုဆောင်လုပ်ငန်းမှာ ပိုပျော်ရွှင်နိုင်ပုံ
မကောင်းတဲ့ အပေါင်းအသင်းတွေကို ရှောင်ဖို့ ကျမ်းစာသင်သားကို ကူညီပါ
ကျမ်းစာသင်သားတွေဟာ ယေဟောဝါရဲ့ မိတ်ဆွေဖြစ်ဖို့ အပေါင်းအသင်းကောင်းတွေ ရွေးချယ်ရမယ်။ (ဆ ၁၅:၁၊ ၄) အပေါင်းအသင်းကောင်းတွေက မှန်ရာကို လုပ်ဖို့ သူတို့ကို ကူညီပေးမယ်။—ပ ၁၃:၂၀။ lff သင်ခန်းစာ ၄၈။
မကောင်းတဲ့ အပေါင်းအသင်းတွေကို ရှောင်ဖို့ ကျမ်းစာသင်သားတွေကို ကူညီပေးရာမှာ ကိုယ်ချင်းစာနာမှု ရှိပါ။ လောကသူငယ်ချင်းတွေကို အဆက်ဖြတ်ဖို့ သူတို့အတွက် ခက်နိုင်တယ်။ ဒါကြောင့် ကျမ်းစာသင်တဲ့ အချိန်မှာသာမက တခြားအချိန်မှာလည်း သူတို့ကို စိတ်ဝင်စားမှု ပြပါ။ စာတိုပို့ပါ၊ ဖုန်းဆက်ပါ၊ လည်ပတ်ပါ။ သင်သားတွေ တိုးတက်လာတဲ့အခါ ညီအစ်ကို၊ ညီအစ်မတွေနဲ့ ပေါင်းသင်းဖို့ ဖိတ်ခေါ်ပါ။ အဲဒါမှ သူတို့ ဆုံးရှုံးတာထက် ပိုရရှိတယ်ဆိုတာ သိမြင်လာလိမ့်မယ်။ (မာ ၁၀:၂၉၊ ၃၀) ယေဟောဝါရဲ့ မိသားစုဝင်တွေ တိုးများလာတာကို တွေ့တဲ့အခါ ပျော်ရွှင်ရပါလိမ့်မယ်။
မကောင်းတဲ့ အပေါင်းအသင်းတွေကို ရှောင်ဖို့ ကျမ်းစာသင်သားကို ကူညီပါ ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
-
မကောင်းတဲ့ အပေါင်းအသင်းဆိုတာ ဘာလဲ။—၁က ၁၅:၃၃
-
ခရစ်ယာန် ပေါင်းသင်းမှုကို ဂျက်စမင် ဘယ်လို မြင်ယောင်သလဲ။
-
မကောင်းတဲ့ အပေါင်းအသင်းတွေ နေရာမှာ အစားထိုးဖို့ ဂျက်စမင်ကို နီတာ ဘယ်လို ကူညီပေးခဲ့သလဲ။