မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်​အသက်တာ​လမ်းစဉ်

လူငယ်တို့၊ မိဘတွေကို ရင်ဖွင့်ပါ

လူငယ်တို့၊ မိဘတွေကို ရင်ဖွင့်ပါ

မိဘတွေ​နဲ့ ပွင့်ပွင့်လင်းလင်း စကားပြော​ဖို့ ဘာကြောင့် လိုသလဲ။ (ပ ၂၃:၂၆) သားသမီးတွေကို ပြုစု​ဖို့၊ သွန်သင်​ဆုံးမ​ဖို့ မိဘတွေကို ယေဟောဝါ တာဝန်​ပေး​ထား​လို့​ပဲ။ (ဆ ၁၂၇:၃၊ ၄) မိဘတွေကို ပွင့်ပွင့်လင်းလင်း စကား​မပြော​ရင် ကူညီ​ပေး​နိုင်​မှာ မဟုတ်ဘူး။ မိဘတွေရဲ့ ဘဝ​အတွေ့အကြုံ​တွေ​ကနေ သင်ယူ​နိုင်​တော့​မှာ မဟုတ်ဘူး။ မိဘတွေကို အကုန်​ မပြောပြတာ​က မှား​သလား။ မှားတယ်လို့​တော့ ပြော​လို့​ မရပါ​ဘူး။ မ​လိမ့်​တစ်ပတ် မ​လုပ်ဖို့​တော့ သတိထား​ရမယ်။—ပ ၃:၃၂

မိဘတွေကို ဘယ်လို စကားပြော​မလဲ။ ကိုယ်ရော မိဘ​ပါ အဆင်ပြေ​တဲ့ အချိန်ကို ရွေးပါ။ မိဘတွေ​နဲ့ စကားပြော​ဖို့ ခက်​မယ်​ဆိုရင် ကိုယ့်​ခံစားချက်​တွေ​ကို စာရေး​ပြီး ပြောပြ​နိုင်တယ်။ ကိုယ်​မပြော​ချင်​တဲ့​အကြောင်းကို မိဘတွေ ပြော​ချင်​တယ်​ဆိုရင်ကော။ မိဘတွေက ကိုယ့်ကို တကယ် ကူညီ​ပေး​ချင်​တယ်​ဆိုတာ သတိရပါ။ မိဘတွေကို ရန်သူ​အဖြစ် သဘော​မထား​ဘဲ မိတ်ဆွေ​အဖြစ် သဘောထား​ပါ။ မိဘတွေ​နဲ့ ပွင့်ပွင့်လင်းလင်း စကားပြော​ဆို​မယ်​ဆိုရင် တစ်သက်တာလုံး အကျိုး​ခံစား​ရမယ်။ ထာဝရ အကျိုး​ခံစား​ရမယ်။—ပ ၄:၁၀-၁၂

ဆယ်ကျော်သက်ဘဝမိဘတွေနဲ့ ဘယ်လို စကားပြောရမလဲ ဗီဒီယိုကို ကြည့်ပါ။ ပြီး​တဲ့​နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • အက်စတာ​နဲ့ ပါ​တိ​ခ်​တို့​ဟာ ကိုယ့်ကိုယ်ကိုယ် ဘာ​သတိထား​မိ​သလဲ။

  • ယေရှုရဲ့ စံနမူနာ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။

  • မိဘတွေက သင့်ကို ဂရုစိုက်​တယ်​ဆိုတာ ဘယ်လို​ ပြ​ခဲ့​သလဲ။

  • မိဘတွေက သင့်ကို အောင်မြင်​စေ​ချင်

    မိဘတွေ​နဲ့ စကားပြော​တဲ့​အခါ ဘယ်​ကျမ်းစာ​ အခြေခံ​မူတွေ​က ကူညီ​ပေး​နိုင်​သလဲ။