မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

သမ္မာကျမ်းစာကို ယုံကြည်စိတ်ချမှု တိုးစေပါ

သမ္မာကျမ်းစာကို ယုံကြည်စိတ်ချမှု တိုးစေပါ

ကျမ်းစာက ဘဝ​အသက်တာတွေကို ပြောင်းလဲစေနိုင်တယ်။ (ဟီ ၄:၁၂) ဒါပေမဲ့ ကျမ်းစာရဲ့ လမ်းညွှန်ချက်​နဲ့ အကြံဉာဏ်တွေ​ကနေ အကျိုး​ရနိုင်ဖို့ “ဘုရားသခင်ရဲ့ တရားစကား” အမှန်တကယ် ဖြစ်တယ်ဆိုတာကို အခိုင်အမာ ယုံကြည်​ရမယ်။ (၁သ ၂:၁၃) ကျမ်းစာကို ပိုယုံကြည်အောင် ဘာလုပ်နိုင်သလဲ။

ကျမ်းစာ အပိုင်း​တစ်ပိုင်းကို နေ့တိုင်း​ဖတ်ပါ။ ဖတ်တဲ့အခါ ကျမ်းစာရဲ့​အာဘော်ရှင်​က ယေဟောဝါ​ဖြစ်ကြောင်း အထောက်အထား​ကို ရှာပါ။ ဥပမာ၊ ပညာအလိမ္မာ​ကျမ်းကို​ဖတ်ပြီး ဒီနေ့​အချိန်အထိ အသုံးဝင်တဲ့ ပညာရှိ​စကားတွေကို သတိပြု​ကြည့်ပါ။—ပ ၁၃:၂၀။ ၁၄:၃၀

လေ့လာမှု​အစီအစဉ်​တစ်ခု စ​လုပ်ပါ။ ကျမ်းစာဟာ ဘုရား​စကားတော်​ဖြစ်တယ်​ဆိုတဲ့ အထောက်အထား​တွေ​နဲ့ အကျွမ်းတဝင်​ရှိပါ။ ယေဟောဝါ​သက်သေတွေ​အတွက် ကျမ်းစာ​လေ့လာမှု​လမ်းညွှန်​စာအုပ်​ထဲက “သမ္မာကျမ်းစာ” အကြောင်းအရာ​အောက်မှာ “စွမ်းအားတော်​လမ်းညွှန်မှုနဲ့ ရေးထား” ကို လေ့လာ​ပါ။ ကျမ်းစာရဲ့ သတင်းစကား မပြောင်းလဲဘူး​ဆိုတာကို ပိုယုံကြည်​စိတ်ချဖို့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း၊ နောက်ဆက်တွဲ က​၃ ကို လေ့လာ​နိုင်တယ်။

ယုံကြည်​ရတဲ့ အကြောင်းရင်း . . . ဘုရားရဲ့ နှုတ်ထွက်​စကား ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • အီဂျစ်​နိုင်ငံ၊ ကာနက်​မြို့ ဗိမာန်​နံရံ​ပေါ်​က ပုံ​တွေ​က ကျမ်းစာရဲ့ မှန်ကန်မှုကို ဘယ်လို သက်သေထူသလဲ။

  • ကျမ်းစာရဲ့ သတင်းစကား မပြောင်းလဲဘူး​ဆိုတာ ဘယ်လို သိရသလဲ။

  • ကျမ်းစာ အခုအချိန်ထိ ဆက်လက်​တည်ရှိ​နေတာက ဘုရားသခင့် တရားစကား​ဖြစ်ကြောင်း ဘယ်လို သက်သေထူသလဲ။ —ဟေရှာယ ၄၀:၈ ကို​ဖတ်ပါ