မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

သားသမီးတွေ တိုးတက်အောင်မြင်လာအောင် ကျမ်းစာမူတွေသုံးပြီး ကူညီပေးပါ

သားသမီးတွေ တိုးတက်အောင်မြင်လာအောင် ကျမ်းစာမူတွေသုံးပြီး ကူညီပေးပါ

သားသမီးတွေ ယေဟောဝါ​အမှုတော်ဆောင်​ဖို့၊ ပျော်ရွှင်​ကျေနပ်စရာကောင်းတဲ့​ဘဝ ပိုင်ဆိုင်ဖို့ ခရစ်ယာန်​မိဘတွေ ဆန္ဒရှိကြတယ်။ သားသမီးတွေ တိုးတက်​အောင်မြင်လာအောင် ကျမ်းစာမူတွေ​သုံးပြီး ကူညီပေးနိုင်တယ်။​—ပ ၂၂:၆

  • သားသမီးတွေ ပွင့်ပွင့်လင်းလင်း ပြောဆိုရဲသူ ဖြစ်ပါ။​—ယာ ၁:၁၉

  • ပုံသက်သေကောင်း ပြပါ။​—တရ ၆:၆

  • စစ်မှန်တဲ့​ဝတ်ပြုရေးမှာ ပုံမှန် ပါဝင်ပါ။​—ဧ ၆:၄

ခံနိုင်ရည်​ရှိဖို့ မိသားစုကို တည်ဆောက်​ပါ—သားသမီးတွေကိုသွား​သင့်​တဲ့​လမ်းအတိုင်းလေ့ကျင့်​ပေးပါ ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ။

  • မိဘတွေ ဘယ်လို အကျိုးသင့်အကြောင်းသင့်​ရှိနိုင်သလဲ။

  • ယာကုပ် ၁:၁၉ ကျမ်းစာမူကို မိဘတွေ ဘယ်လို​ကျင့်သုံး​နိုင်သလဲ။

  • ပြဿနာ​ပေါ်လာတဲ့အခါ မိဘတွေ ဘာလုပ်နိုင်သလဲ။