မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဇန်နဝါရီ ၁၅-၂၁

ယောဘ ၃၆-၃၇

ဇန်နဝါရီ ၁၅-၂၁

သီချင်း ၁၄၇ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ

၁။ ဘုရားပေး ထာဝရအသက်ကတိကို ယုံကြည်စိတ်ချနိုင်တဲ့ အကြောင်းရင်း

(၁၀ မိ.)

ယေဟောဝါဘုရား ကိုယ်တိုင် ထာဝစဉ် အသက်ရှင် (ယဘ ၃၆:၂၆က၁၅ ၁၀/၁ ၁၃ ပိုဒ်. ၁-၂)

အသက်ဆက်ရှင်အောင် လုပ်ပေးနိုင်တဲ့ တန်ခိုးနဲ့ဉာဏ်ပညာ ယေဟောဝါဆီမှာ ရှိ (ယဘ ၃၆:၂၇၊ ၂၈က၂၀.၀၅ ၂၂ ပိုဒ်. ၆)

ထာဝရအသက် ရနိုင်ပုံကိုလည်း သွန်သင်ပေး (ယဘ ၃၆:၄၊ ၂၂။ ယဟ ၁၇:၃)


ဘုရားပေး ထာဝရအသက်ကတိကို ခိုင်ခိုင်မာမာ ယုံကြည်ရင် ဘဝအခက်အခဲတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖြေရှင်းနိုင်မယ်။ —ဟီ ၆:၁၉က၂၂.၁၀ ၂၈ ပိုဒ်. ၁၆။

၂။ ဘုရားရေးရာ ရတနာ

(၁၀ မိ.)

  • ယဘ ၃၇:၂၀—ကျမ်းစာခေတ် ပါလက်စတိုင်းနယ်မြေမှာ သတင်းအချက်အလက်တွေကို ဘယ်လို ဝေမျှရရှိသလဲ။ (it-1 ၄၉၂)

  • ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေကို ဝေမျှချင်သလဲ။

၃။ ကျမ်းစာဖတ်ရှုခြင်း

အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ

၄။ စကားစမြည် စပြောခြင်း

(၃ မိ.) လူအများရှေ့ သက်သေခံခြင်း။ (lmd သင်ခန်းစာ ၃ အချက် ၃)

၅။ ပြန်လည်ပတ်ခြင်း

(၄ မိ.) တစ်အိမ်မှတစ်အိမ်။ (lmd သင်ခန်းစာ ၂ အချက် ၅)

၆။ ကိုယ့်ယုံကြည်ချက်ကို ရှင်းပြခြင်း

(၅ မိ.) ဟောပြောချက်။ ijwfq ၅၇ ပိုဒ်. ၅-၁၅—အဓိကအကြောင်း– နာဇီခေတ် အစုလိုက်အပြုံလိုက် သတ်ချိန်မှာ ယေဟောဝါသက်သေတွေ ဘာကြောင့် ညှဉ်းပန်းနှိပ်စက် ခံရသလဲ။ (th သင်ခန်းစာ ၁၈)

ခရစ်ယာန်အသက်တာလမ်းစဉ်

သီချင်း ၄၉

၇။ ဆေးကုသမှု၊ ခွဲစိတ်မှုအတွက် ကြိုတင်ပြင်ဆင်ထားပါ

(၁၅ မိ.) ဆွေးနွေးပါ။ အကြီးအကဲတစ်ဦး ကိုင်ရန်။

သွေးပညတ်ကို နာခံနိုင်အောင် ယေဟောဝါရဲ့ အဖွဲ့အစည်းက ကျွန်တော်တို့အတွက် အထောက်အကူပြု ကိရိယာတွေ ပြင်ဆင်ပေးထားပါတယ်။ (တ ၁၅:၂၈၊ ၂၉) အဲဒါတွေကို ကောင်းကောင်း အသုံးပြုနေပါသလား။

ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်လွှဲစာ (DPA) သွေးကတ်နဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေအတွက် စိစစ်ရေးကတ်ပြား (ic)– သွေးနဲ့ပတ်သက်ပြီး လူနာရဲ့သဘောထားကို ဖော်ပြပေးတဲ့ ကတ်တွေပါ။ နှစ်ခြင်းခံပြီးသား ကြေညာသူတွေက စာအုပ်စာတမ်း အမှုထမ်းဆီကနေ ကိုယ်တိုင်အတွက် DPA သွေးကတ်နဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေအတွက် စိစစ်ရေးကတ်ပြား တောင်းနိုင်တယ်။ ကတ်ကို မဖြည့်ရသေးရင် ချက်ချင်း ဖြည့်ပါ၊ ပြင်စရာရှိတာ မပြင်ရသေးရင် ချက်ချင်း ပြင်ပါ။ ပြီးရင် ကိုယ်နဲ့မကွာ ဆောင်ထားပါ။

မိခင်လောင်းများအတွက် အချက်အလက် (S-401)၊ ခွဲစိတ်ခံရမယ့် ဒါမှမဟုတ် ကင်ဆာဆေးသွင်းမယ့် လူနာတွေအတွက် အချက်အလက် (S-407)– သွေးကိစ္စအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကြိုတင်ပြင်ဆင်ရာမှာ ကူညီပေးတဲ့ စာရွက်စာတမ်းတွေ ဖြစ်တယ်။ သင်ဟာ ကိုယ်ဝန်ရှိသူ၊ ခွဲစိတ်ကုသမှု လိုအပ်သူ၊ ကင်ဆာကုထုံး ခံယူနေသူဆိုရင် မိမိနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းကို အကြီးအကဲဆီမှာ တောင်းခံပါ။

ဆေးရုံဆက်သွယ်ရေးကော်မတီ (HLC)– HLC ညီအစ်ကိုတွေဟာ လေ့ကျင့်မှု ရထားတဲ့ အတွေ့အကြုံရှိ အကြီးအကဲတွေ ဖြစ်ပါတယ်။ ဆရာဝန်တွေ၊ ကြေညာသူတွေကို သွေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ဝေမျှပေးတယ်။ သွေးမသွင်းဘဲ ကုသနိုင်တဲ့ နည်းလမ်းတွေအကြောင်း တာဝန်ခံဆရာဝန်နဲ့ ဆွေးနွေးပေးနိုင်တယ်။ လိုအပ်မယ်ဆိုရင် သွေးမသွင်းဘဲ ကုသပေးမယ့် ဆရာဝန်ကို ရှာပေးနိုင်တယ်။ HLC ညီအစ်ကိုတွေကို ၂၄ နာရီ ၇ ရက် အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။ ဆေးရုံတက်ဖို့၊ ခွဲစိတ်ကုသဖို့၊ ကင်ဆာကုထုံးလို ကုထုံးတစ်မျိုးမျိုး ခံယူဖို့ လိုတယ်ဆိုရင်၊ မွေးလူနာ ဖြစ်တယ်ဆိုရင် HLC ကို ချက်ချင်း ဆက်သွယ်ပါ။ သွေးသွင်းဖို့ မလိုဘူး ထင်ရင်တောင် ဆက်သွယ်ပါ။ အကူအညီလိုရင် HLC နဲ့ ဆက်သွယ်နိုင်တဲ့ အချက်အလက်ကို အကြီးအကဲတစ်ဦးဆီကနေ တောင်းခံပါ။

ဆေးရုံဆက်သွယ်ရေးကော်မတီက ဘယ်လို ကူညီပေးနေသလဲ ဗီဒီယို ပြပါ ပြီးနောက် ပရိသတ်ကို မေးပါ–

ဆေးကုသဖို့၊ ခွဲစိတ်ကုသဖို့ လိုအပ်လာတဲ့အခါ HLC က ဘယ်လို ကူညီပေးသလဲ။

၈။ အသင်းတော် ကျမ်းစာလေ့လာမှု

နိဂုံးချုပ်မှတ်ချက် (၃ မိ.) | သီချင်း ၆၇ နဲ့ ဆုတောင်းချက်