မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဇန်နဝါရီ ၂၂-၂၈

ယောဘ ၃၈-၃၉

ဇန်နဝါရီ ၂၂-၂၈

သီချင်း ၁၁ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ

၁။ ဖန်ဆင်းရာတွေကို ကြည့်ရှုလေ့လာဖို့ အချိန်ယူသလား

(၁၀ မိ.)

ယေဟောဝါက ကမ္ဘာမြေကို ဖန်ဆင်းပြီးနောက် ဖန်ဆင်းရာတွေကို အချိန်ယူဆန်းစစ် (က ၁:၁၀၊ ၁၂။ ယဘ ၃၈:၅၊ ၆က၂၁.၀၈ ၉ ပိုဒ်. ၇)

ကောင်းကင်တမန်တွေလည်း ယေဟောဝါရဲ့ ဖန်ဆင်းရာတွေကို အချိန်ယူလေ့လာကြ (ယဘ ၃၈:၇က၂၀.၀၈ ၁၄ ပိုဒ်. ၂)

အချိန်ယူပြီး ဖန်ဆင်းရာတွေကို အမြတ်တနိုး လေ့လာဆည်းပူးရင် ယေဟောဝါကို ပိုယုံကြည်လာမယ် (ယဘ ၃၈:၃၂-၃၅က၂၃.၀၃ ၁၇ ပိုဒ်. ၈)

၂။ ဘုရားရေးရာ ရတနာ

(၁၀ မိ.)

  • ယဘ ၃၈:၈-၁၀—ဒီကျမ်းပိုဒ်က ပညတ်ပြဋ္ဌာန်းရှင် ယေဟောဝါအကြောင်း ဘာသင်ပေးသလဲ။ (it-2 ၂၂၂)

  • ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေကို ဝေမျှချင်သလဲ။

၃။ ကျမ်းစာဖတ်ရှုခြင်း

အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ

၄။ စကားစမြည် စပြောခြင်း

(၂ မိ.) အလွတ်သဘော သက်သေခံခြင်း။ တစ်ဖက်လူ စကားမပြောချင်မှန်း သတိထားမိတဲ့အခါ ယဉ်ယဉ်ကျေးကျေး စကားဖြတ်ပါ။ (lmd သင်ခန်းစာ ၂ အချက် ၃)

၅။ ပြန်လည်ပတ်ခြင်း

(၅ မိ.) တစ်အိမ်မှတစ်အိမ်။ ပြီးခဲ့တဲ့အခေါက်မှာ အိမ်ရှင်က ချစ်ရသူတစ်ဦး မကြာသေးခင်က ဆုံးသွားတဲ့အကြောင်း ပြောပြထားတယ်။ (lmd သင်ခန်းစာ ၉ အချက် ၃)

၆။ ဟောပြောချက်

(၅ မိ) lmd နောက်ဆက်တွဲ က အချက် ၁—အဓိကအကြောင်း– မကြာခင် အပြောင်းအလဲ တစ်ခုခု ဖြစ်တော့မယ်ဆိုတာ ကမ္ဘာ့ဖြစ်ရပ်တွေ၊ လူ့စရိုက်တွေက ပြနေတယ်။ (th သင်ခန်းစာ ၁၆)

ခရစ်ယာန်အသက်တာလမ်းစဉ်

သီချင်း ၁၁၁

၇။ ဖန်ဆင်းရာတွေကို လေ့လာဆန်းစစ်တာက ကိုယ့်ဒုက္ခချည်းပဲ အာရုံစိုက်မနေအောင် ကူညီပေး

(၁၅ မိ.) ဆွေးနွေးပါ။

မိတ်ဆွေသုံးဦးနဲ့ စာတန်ရဲ့ တိုက်ခိုက်မှုကြောင့် ယောဘက ကိုယ့်ဒုက္ခတွေအပေါ်၊ မညှာမတာ ပြစ်တင်ပြောဆိုမှုတွေအပေါ်ပဲ အာရုံရောက်သွားတယ်။

ယောဘ ၃၇:၁၄ ကိုဖတ်ပါ ပြီးနောက် ပရိသတ်ကို မေးပါ–

မျှတတဲ့အမြင် ပြန်ရလာဖို့ ယောဘ ဘာလုပ်ခဲ့ရသလဲ။

ပြဿနာတွေနဲ့ လုံးချာလိုက်နေတယ်လို့ ခံစားရရင် ဖန်ဆင်းရာတွေကို လေ့လာဆန်းစစ်ကြည့်ပါ။ ဒါဆို ယေဟောဝါဘုရားရဲ့ ကြီးမြတ်မှုကို သတိရလာမယ်၊ ကျွန်တော်တို့ကို ဘုရားသခင် စောင့်ရှောက်ပေးနိုင်တယ်ဆိုတာ ယုံကြည်လာမယ်၊ ဘုရားသခင်အပေါ် သစ္စာစောင့်သိချင်စိတ် ပိုခိုင်မာလာမယ်။—မ ၆:၂၆

ယောဘကျမ်းကနေရရှိတဲ့ သင်ခန်းစာများ —ဖန်ဆင်းရာတိရစ္ဆာန်များ ဗီဒီယို ပြပါ ပြီးနောက် ပရိသတ်ကို မေးပါ–

ယေဟောဝါကို ပိုယုံကြည်လာအောင် ဒီဗီဒီယိုက ဘယ်လို ကူညီပေးသလဲ။

၈။ အသင်းတော် ကျမ်းစာလေ့လာမှု

နိဂုံးချုပ်မှတ်ချက် (၃ မိ.) | သီချင်း ၅၄ နဲ့ ဆုတောင်းချက်