ဇန်နဝါရီ ၈-၁၄
ယောဘ ၃၄-၃၅
သီချင်း ၃၀ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)
၁။ လောကကြီးက မတရားဘူးလို့ ခံစားရတဲ့အခါ
(၁၀ မိ.)
ယေဟောဝါဘုရားက မတရားတာကို ဘယ်တော့မှ မလုပ်ဘူးဆိုတာ သတိရပါ (ယဘ ၃၄:၁၀။ ကလ၁၉.၁ ၈ ပိုဒ်. ၂)
မကောင်းတာလုပ်တဲ့ လူတွေ ပြစ်ဒဏ်မခံရပုံ ပေါက်နေနိုင်ပေမဲ့ ယေဟောဝါရဲ့လက်ကနေ သူတို့ ရှောင်မပုန်းနိုင် (ယဘ ၃၄:၂၁-၂၆။ က၁၇.၀၄ ၁၀ ပိုဒ်. ၅)
မတရားမှုကြောင့် ဒုက္ခရောက်နေသူတွေကို ကူညီပေးနိုင်တဲ့ အကောင်းဆုံးနည်းက ယေဟောဝါအကြောင်း သိလာအောင် ကူညီပေးခြင်းဖြစ် (ယဘ ၃၅:၉၊ ၁၀။ မ ၂၈:၁၉၊ ၂၀။ က၂၁.၀၅ ၇ ပိုဒ်. ၁၉-၂၀)
၂။ ဘုရားရေးရာ ရတနာ
(၁၀ မိ.)
ယဘ ၃၅:၇—“ခင်ဗျားဆီကနေ ဘုရား ဘာများရလို့လဲ” ဆိုပြီး ယောဘကို ဧလိဟု မေးတာက ဘာအဓိပ္ပာယ်လဲ။ (က၁၇.၀၄ ၂၉ ပိုဒ်. ၃)
ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေကို ဝေမျှချင်သလဲ။
၃။ ကျမ်းစာဖတ်ရှုခြင်း
(၄ မိ.) ယဘ ၃၅:၁-၁၆ (th သင်ခန်းစာ ၁၀)
၄။ စကားစမြည် စပြောခြင်း
(၃ မိ.) တစ်အိမ်မှတစ်အိမ်။ ကျမ်းစာသင်အံမှု ကမ်းလှမ်းပါ။ (lmd သင်ခန်းစာ ၁၀ အချက် ၃)
၅။ စကားစမြည် စပြောခြင်း
(၄ မိ.) အလွတ်သဘော သက်သေခံခြင်း။ ကလေးငယ်ရှိတဲ့ မိဘတစ်ဦးကို jw.org ကနေ မိဘတွေအတွက် အထောက်အကူပြုတဲ့ အချက်အလက်တွေ ရှာနိုင်ပုံကို ပြပေးပါ။ (lmd သင်ခန်းစာ ၁ အချက် ၄)
၆။ တပည့် ဖြစ်စေခြင်း
သီချင်း ၅၈
၇။ အလွတ်သဘော သက်သေခံချင်ပါသလား
(၁၅ မိ.) ဆွေးနွေးပါ။
ပေါလုက တိမောသေကို “တရားစကားကို ဟောပြောပါ။ . . . အရေးတကြီး ဟောပြောပါ” လို့ တိုက်တွန်းခဲ့တယ်။ (၂တိ ၄:၂) “အရေးတကြီး” လို့ပြန်ဆိုထားတဲ့ ဂရိကြိယာက စစ်သားတစ်ဦး ဒါမှမဟုတ် အစောင့်တစ်ဦး မိမိနေရာမှာ အသင့်အနေအထားနဲ့ အမြဲ ရှိနေတာကို ရည်ညွှန်းတယ်။ အလားတူ၊ ကျွန်တော်တို့လည်း လူတွေနဲ့ စကားစမြည် ပြောဆိုရာကနေ သက်သေခံနိုင်ဖို့ အခွင့်အရေး အမြဲ ရှာကြတယ်။
ယေဟောဝါဘုရားကို ချစ်လို့၊ ကျွန်တော်တို့အတွက် လုပ်ပေးထားသမျှအတွက် ဘုရားသခင်ကို ကျေးဇူးတင်လို့ ဘုရားရဲ့ အံ့ဖွယ်ဂုဏ်ရည်တော်တွေအကြောင်း တခြားသူတွေကို ပြောပြချင်တာပါ။
ဆာလံ ၇၁:၈ ကိုဖတ်ပါ။ ပြီးနောက် ပရိသတ်ကို မေးပါ–
တခြားသူတွေကို ယေဟောဝါဘုရားရဲ့ ဘယ်ကောင်းကြောင်းတွေ ပြောပြချင်သလဲ။
လူတွေကို ချစ်လို့လည်း အလွတ်သဘော သက်သေခံချင်တာပါ။
ကျမ်းစာအမှန်တရားကို လူပေါင်း ရာနဲ့ချီ ရှာတွေ့ခဲ့ပုံ ဗီဒီယို ပြပါ။ ပြီးနောက် ပရိသတ်ကို မေးပါ–
အလွတ်သဘော သက်သေခံရာကနေ လူ ရာနဲ့ချီ ကျမ်းစာအမှန်တရား ဘယ်လို ရခဲ့သလဲ။
ဘုရားကျောင်းတစ်ခုက အသင်းသားဟောင်းတွေ အမှန်တရား သိလာလို့ ဘာအကျိုးရခဲ့သလဲ။
လူတွေကို ချစ်တဲ့မေတ္တာက အလွတ်သဘော သက်သေခံနိုင်အောင် ဘယ်လိုကူညီပေးသလဲ။
လူတွေကို ယေဟောဝါအကြောင်း သိလာအောင် ကူညီပေးရာမှာ အလွတ်သဘော သက်သေခံခြင်းဟာ ထိရောက်တဲ့ နည်းလမ်းဖြစ်တယ်လို့ ဘာကြောင့် ထင်သလဲ။
၈။ အသင်းတော် ကျမ်းစာလေ့လာမှု
(၃၀ မိ.) bt အခန်း ၄ စ. ၃၃ ရှိ လေးထောင့်ကွက်