မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖေဖော်ဝါရီ ၁၉–၂၅

ဆာလံ ၈-၁၀

ဖေဖော်ဝါရီ ၁၉–၂၅

သီချင်း ၂ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ

၁။ “အို ယေဟောဝါ၊ ကိုယ်တော့်ကို . . . ချီးမွမ်းမယ်”

(၁၀ မိ.)

ကျွန်တော်တို့အပေါ် ယေဟောဝါ အလွန်ကောင်းမြတ် (ဆ ၈:၃-၆က၂၁.၀၈ ၃ ပိုဒ်. ၆)

တခြားသူတွေကို ယေဟောဝါဘုရားရဲ့ အံ့ဖွယ်လုပ်ဆောင်မှုတွေအကြောင်း ပြောပြခြင်းအားဖြင့် ချီးမွမ်း (ဆ ၉:၁က၂၀.၀၅ ၂၃ ပိုဒ်. ၁၀)

လှိုက်လှိုက်လှဲလှဲ သီချင်းဆိုခြင်းအားဖြင့်လည်း ဘုရားသခင်ကို ချီးမွမ်း (ဆ ၉:၂က၂၂.၀၄ ၇ ပိုဒ်. ၁၃)

ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘ယေဟောဝါကို တခြားဘယ်နည်းတွေနဲ့ ချီးမွမ်းနိုင်သလဲ။’

၂။ ဘုရားရေးရာ ရတနာ

(၁၀ မိ.)

  • ဆ ၈:၃ (ယုဒသန်ကျမ်း)—ဘုရားသခင့်လက်ညှိုးတော်လို့ ပြောတဲ့အခါ ဆာလံဆရာ ဘာကို ဆိုလိုချင်တာလဲ။ (it-1 ၈၃၂)

  • ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေကို ဝေမျှချင်သလဲ။

၃။ ကျမ်းစာဖတ်ရှုခြင်း

အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ

၄။ စကားစမြည် စပြောခြင်း

(၃ မိ.) တစ်အိမ်မှ တစ်အိမ်။ ဘုရားကို မယုံဘူးလို့ အိမ်ရှင်က ပြောလာတဲ့အခါ။ (lmd သင်ခန်းစာ ၅ အချက် ၄)

၅။ ပြန်လည်ပတ်ခြင်း

(၄ မိ.) အလွတ်သဘော သက်သေခံခြင်း။ အရင်တစ်ခေါက် စကားပြောခဲ့တဲ့သူက ဘုရားကို မယုံကြောင်း ပြောပြပေမဲ့ ဖန်ဆင်းရှင်ရှိကြောင်း အထောက်အထားတွေကို လေ့လာချင်စိတ်ရှိ။ (th သင်ခန်းစာ ၇)

၆။ ဟောပြောချက်

(၅ မိ.) က၂၁.၀၆ ၆-၇ ပိုဒ်. ၁၅-၁၈—အဓိကအကြောင်း– ယေဟောဝါကို ချီးမွမ်းနိုင်အောင် သင်သားကို ကူညီပေးပါ။ (th သင်ခန်းစာ ၁၀)

ခရစ်ယာန်အသက်တာလမ်းစဉ်

သီချင်း ၁၀

၇။ သဘာဝကျကျ အလွတ်သဘော သက်သေခံနိုင်ပုံ

(၁၀ မိ.) ဆွေးနွေးပါ။

ယေဟောဝါဘုရားကို ဆထက်တိုး ချီးမွမ်းနိုင်တဲ့ နည်းတစ်ခုကတော့ သွားရင်းလာရင်း တွေ့ဆုံကြုံကြိုက်သူတွေကို သက်သေခံခြင်းပါ။ (ဆ ၃၅:၂၈) အလွတ်သဘော သက်သေခံဖို့ အစပိုင်းမှာ တွန့်ဆုတ်မိနိုင်တယ်။ ဒါပေမဲ့ ဘယ်လို သဘာဝကျကျ စကားစပြောရမယ်၊ စကားဖောင်ဖွဲ့ရမယ်ဆိုတာ သိရင် တဖြည်းဖြည်း ကျွမ်းကျင်လာပြီး သဘောတောင်ကျသွားနိုင်တယ်။

“ငြိမ်သက်ခြင်း သတင်းကောင်း” ဝေမျှဖို့ အသင့်ရှိပါ ဗီဒီယိုပြပါ ပြီးနောက် ပရိသတ်ကို မေးပါ–

အလွတ်သဘော သက်သေခံရာမှာ ပိုကျွမ်းကျင်ဖို့ ဒီသရုပ်ပြဗီဒီယိုကနေ ဘယ်အချက်တွေ သင်ယူခဲ့သလဲ။

စကားစမြည် စပြောနိုင်အောင် ကူညီပေးတဲ့အချက်များ–

  •   အပြင်သွားတိုင်း စကားစမြည်ပြောနိုင်မယ့် အခွင့်အရေး ရှာပါ။ စကားစမြည် စပြောနိုင်ဖို့၊ စိတ်နှလုံးရိုးဖြောင့်သူတွေနဲ့ တွေ့ဆုံနိုင်ဖို့ ဘုရားသခင်ဆီ ဆုတောင်းပါ။

  •   ရင်းနှီးဖော်ရွေပါ၊ တစ်ဖက်လူရဲ့အရေးကို စိတ်ဝင်စားပါ။ သူသဘောကျနိုင်လောက်တဲ့ ကျမ်းစာအမှန်တရား ဝေမျှနိုင်ဖို့ သူ့အကြောင်း နည်းနည်းပိုသိအောင် ကြိုးစားကြည့်ပါ။

  •   အဆင်ပြေမယ်ဆိုရင် ဆက်သွယ်နိုင်တဲ့လိပ်စာ အပြန်အလှန် လဲလှယ်ပါ။

  •   သက်သေမခံနိုင်ခင် စကားဆက်ပြတ်သွားခဲ့ရင်လည်း စိတ်မပျက်ပါနဲ့။

  •   စကားစမြည်ပြောခဲ့သူအကြောင်း ပြန်စဉ်းစားပါ။ ကျမ်းချက် ဒါမှမဟုတ် jw.org ဆောင်းပါးတစ်ခုရဲ့လင့်ခ် ပို့ပေးပြီး အဆက်အသွယ်လုပ်ပါ။

စမ်းလုပ်ကြည့်ပါ– ‘ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေတုန်းက ဘာတွေလုပ်ဖြစ်လဲ’ ဆိုပြီး တစ်ယောက်ယောက် မေးလာရင် အစည်းအဝေးမှာ ကြားခဲ့တဲ့ အချက်တစ်ခုခု ဒါမှမဟုတ် တခြားသူတွေကို ကျမ်းစာသင်ပေးခဲ့တဲ့အကြောင်း ပြောပြပါ။

၈။ ဒေသလိုအပ်ရာများ

(၅ မိ.)

၉။ အသင်းတော် ကျမ်းစာလေ့လာမှု

နိဂုံးချုပ်မှတ်ချက် (၃ မိ.) | သီချင်း ၆၅ နဲ့ ဆုတောင်းချက်