မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖေဖော်ဝါရီ ၂၆–မတ် ၃

ဆာလံ ၁၁-၁၅

ဖေဖော်ဝါရီ ၂၆–မတ် ၃

သီချင်း ၁၃၉ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ

၁။ ဘုရားအုပ်ချုပ်မှုအောက် ကမ္ဘာသစ်မှာ ရှိနေတယ်လို့ မြင်ယောင်ကြည့်ပါ

(၁၀ မိ.)

ဥပဒေစည်းမျဉ်းတွေကို မလိုက်နာလို့ အကြမ်းဖက်မှုတွေ ဖြစ်ပျက်နေ (ဆ ၁၁:၂၊ ၃က၀၆ ၅/၁၅ ၁၈ ပိုဒ်. ၃)

အကြမ်းဖက်မှုတွေကို ယေဟောဝါ မကြာခင် အဆုံးတိုင်စေမယ်ဆိုတာ ယုံကြည်စိတ်ချနိုင် (ဆ ၁၁:၅ကလ၁၆.၄ ၁၁)

ယေဟောဝါရဲ့ ကယ်တင်ခြင်းကတိကို ပြန်ပြောင်းစဉ်းစားတာက ကမ္ဘာသစ်ကို စိတ်ရှည်ရှည် စောင့်ဆိုင်းနိုင်ဖို့ ကူညီပေး (ဆ ၁၃:၅၊ ၆က၁၇.၀၈ ၆ ပိုဒ်. ၁၅)

စမ်းလုပ်ကြည့်ပါ– ယေဇကျေလ ၃၄:၂၅ ကိုဖတ်ပါ။ ကျမ်းချက်မှာ ဖော်ပြထားတဲ့အတိုင်း အေးချမ်းငြိမ်သက်တဲ့ နေရာလေးကို ရောက်နေတယ်လို့ မြင်ယောင်ကြည့်ပါ။—kr ၂၃၆ ပိုဒ်. ၁၆။

၂။ ဘုရားရေးရာ ရတနာ

(၁၀ မိ.)

  • ဆ ၁၄:၁—ဒီကျမ်းပိုဒ်မှာ ဖော်ပြထားတဲ့ သဘောထားက ခရစ်ယာန်တွေကို ဘယ်လို ထိခိုက်နိုင်သလဲ။ (က၁၃ ၉/၁၅ ၁၉ ပိုဒ်. ၁၂)

  • ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေကို ဝေမျှချင်သလဲ။

၃။ ကျမ်းစာဖတ်ရှုခြင်း

အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ

၄။ စကားစမြည် စပြောခြင်း

(၂ မိ.) အလွတ်သဘော သက်သေခံခြင်း။ အောက်မေ့ရာနေ့ တက်ရောက်ဖို့ ဖိတ်ခေါ်ပါ။ (lmd သင်ခန်းစာ ၅ အချက် ၃)

၅။ စကားစမြည် စပြောခြင်း

(၁ မိ.) တစ်အိမ်မှတစ်အိမ်။ အောက်မေ့ရာနေ့ တက်ရောက်ဖို့ ဖိတ်ခေါ်ပါ။ (lmd သင်ခန်းစာ ၃ အချက် ၄)

၆။ စကားစမြည် စပြောခြင်း

(၃ မိ.) တစ်အိမ်မှတစ်အိမ်။ အိမ်ရှင်က အောက်မေ့ရာနေ့ ဖိတ်စာကို စိတ်ဝင်စားကြောင်းပြ။ (lmd သင်ခန်းစာ ၇ အချက် ၄)

၇။ တပည့်ဖြစ်စေခြင်း

(၅ မိ.) lff သင်ခန်းစာ ၁၃ အနှစ်ချုပ်၊ ပြန်လည်သုံးသပ်ခြင်း၊ ရည်မှန်းပန်းတိုင်။ မှားယွင်းတဲ့ဘာသာတရားနဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့ သဘောထားကို သင်သား နားလည်စေဖို့ “လေ့လာစရာ ထပ်ဖွေရှာ” အပိုင်းထဲက ဆောင်းပါးတစ်ခုကို သုံးပါ။ (th သင်ခန်းစာ ၁၂)

ခရစ်ယာန်အသက်တာလမ်းစဉ်

သီချင်း ၈

၈။ “ဉာဏ်ပညာဟာ စစ်လက်နက်တွေထက် သာတယ်”

(၁၀ မိ.) ဆွေးနွေးပါ။

ကမ္ဘာတစ်ဝန်း အကြမ်းဖက်မှုတွေ တစ်နေ့တခြား ပိုတိုးများနေတယ်။ အကြမ်းဖက်မှုတွေကို မြင်ရ၊ ကြုံရလို့ ကျွန်တော်တို့ စိုးရိမ်ပူပန်မယ်ဆိုတာ ယေဟောဝါ သိတယ်။ အကာအကွယ် လိုမယ်ဆိုတာလည်း သိတယ်။ ကျွန်တော်တို့ကို ဘုရားကာကွယ်ပေးတဲ့ နည်းတစ်နည်းကတော့ သမ္မာကျမ်းစာအားဖြင့်ပါ။—ဆ ၁၂:၅-၇

ကျမ်းစာထဲမှာ “စစ်လက်နက်တွေထက် သာ” တဲ့ ဉာဏ်ပညာ ပါရှိတယ်။ (ဒေ ၉:၁၈) အောက်ပါကျမ်းစာ အခြေခံမူတွေကို လိုက်နာခြင်းက အကြမ်းဖက်မှုရဲ့ သားကောင် ဘဝကနေ ကျွန်တော်တို့ကို ဘယ်လိုကာကွယ်ပေးသလဲဆိုတာ သုံးသပ်ကြည့်ပါ။

  • ဒေ ၄:၉၊ ၁၀—မလုံခြုံတဲ့နေရာကို တစ်ယောက်တည်း မသွားပါနဲ့၊ အဲဒီမှာ မနေပါနဲ့

  • ပ ၂၂:၃—အပြင်သွားရင် ဘေးပတ်ဝန်းကျင်ကို သတိထားပါ

  • ပ ၂၆:၁၇—ကိုယ်နဲ့မဆိုင်တဲ့ ငြင်းခုံပွဲတွေမှာ ဝင်မပါပါနဲ့

  • ပ ၁၇:၁၄—အကြမ်းဖက်မှု ဖြစ်တော့မယ်လို့ ရိပ်စားမိရင် အဲဒီနေရာကနေ ရှောင်ထွက်သွားပါ။ ဆန္ဒပြဖို့ စုဝေးနေတဲ့ လူအုပ်နဲ့ ဝေးဝေးနေပါ

  • လု ၁၂:၁၅—ပိုင်ဆိုင်ရာတွေကို ကာကွယ်ဖို့ ကိုယ့်အသက်ကို မစွန့်စားပါနဲ့

ယုံကြည်ခြင်း ရှိသူတွေကို တုပပါ၊ ယုံကြည်ခြင်း မဲ့သူတွေကို မတုပပါနဲ့—ဧနောက်နဲ့ လာမက် ဗီဒီယို ပြပါ ပြီးနောက် ပရိသတ်ကို မေးပါ–

အကြမ်းဖက်မှု ကြုံရတဲ့အခါ ဧနောက်ရဲ့ ပုံသက်သေကို ကြည့်ပြီး ဖခင်တစ်ဦး ဘယ်လိုဆုံးဖြတ်လုပ်ဆောင်ခဲ့သလဲ။—ဟီ ၁၁:၅

အခြေအနေတချို့မှာ ခရစ်ယာန်တစ်ဦးဟာ ကိုယ့်အသက်နဲ့ ပိုင်ဆိုင်ရာတွေကို ကာကွယ်ဖို့ တစ်ခုခု လုပ်ရမယ်လို့ ခံစားမိနိုင်တယ်။ ဒါပေမဲ့ လူသတ်မှု မကျူးလွန်မိအောင်၊ သွေးပြစ်မသင့်အောင် အစွမ်းကုန် ကြိုးစားမှာဖြစ်တယ်။—ဆ ၅၁:၁၄။ ၂၀၁၇၊ ဇူလိုင်လထုတ် ကင်းမျှော်စင် ထဲက “စာရှုသူများထံမှ မေးခွန်းလွှာ” ကို ကြည့်ပါ။

၉။ မတ် ၂၊ စနေနေ့မှာ စမယ့် အောက်မေ့ရာနေ့ ဖိတ်စာ ကင်ပိန်း

(၅ မိ.) အကြီးအကဲတစ်ဦး ဟောပြောပါ။ ဖိတ်စာကင်ပိန်း၊ အထူးဟောပြောချက်၊ အောက်မေ့ရာနေ့နဲ့ပတ်သက်ပြီး အသင်းတော်ရဲ့အစီအစဉ်ကို ပြောပြပါ။ မတ်နဲ့ ဧပြီလအတွင်း ၁၅ နာရီနဲ့ အရန်ရှေ့ဆောင်လုပ်နိုင်ကြောင်း ကြေညာသူတွေကို ပြန်အသိပေးပါ။

၁၀။ အသင်းတော် ကျမ်းစာလေ့လာမှု

နိဂုံးချုပ်မှတ်ချက် (၃ မိ.) | သီချင်း ၄၀ နဲ့ ဆုတောင်းချက်