မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဇန်နဝါရီ ၂၀-၂၆

ဆာလံ ၁၃၈-၁၃၉

ဇန်နဝါရီ ၂၀-၂၆

သီချင်း ၉၃ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ

၁။ ကြောက်စိတ်ကြောင့် မှတ်ချက်မပေးဘဲ မနေပါနဲ့

(၁၀ မိ.)

ယေဟောဝါကို ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းလို (ဆ ၁၃၈:၁)

အစည်းအဝေးမှာ အဖြေမပေးရဲရင် ယေဟောဝါကို အားကိုးပါ (ဆ ၁၃၈:၃)

ကြောက်စိတ်ရှိတာဟာ ကောင်းတဲ့လက္ခဏာဖြစ်နိုင် (ဆ ၁၃၈:၆က၁၉.၀၁ ၁၀ ပိုဒ်. ၁၀)

အကြံပြုချက်– စိုးရိမ်စိတ် သိပ်မများအောင် တိုတိုတုတ်တုတ် မှတ်ချက်ပေးပါ။—က၂၃.၀၄ ၂၁ ပိုဒ်. ၇။

၂။ ဘုရားရေးရာ ရတနာ

(၁၀ မိ.)

  • ဆ ၁၃၉:၂၁၊ ၂၂—လူတိုင်းကို ခွင့်လွှတ်ဖို့ ခရစ်ယာန်တွေမှာ တာဝန်ရှိသလား။ (က၉၇ ၁၂/၁ ၁၉ ပိုဒ်. ၁၅)

  • ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေ ဝေမျှချင်သလဲ။

၃။ ကျမ်းစာဖတ်ရှုခြင်း

အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ

၄။ စကားစမြည် စပြောခြင်း

(၃ မိ.) အများရှေ့ သက်သေခံခြင်း။ (lmd သင်ခန်းစာ ၂ အချက် ၃)

၅။ တပည့်ဖြစ်စေခြင်း

(၄ မိ.) အများရှေ့ သက်သေခံခြင်း။ ကျမ်းစာသင်အံမှု ကမ်းလှမ်းပြီး သင်အံမှုလုပ်ပုံ ပြပေးပါ။ (lmd သင်ခန်းစာ ၁၀ အချက် ၃)

၆။ ဟောပြောချက်

(၅ မိ.) ijwyp ဆောင်းပါး ၁၀၅—အဓိကအကြောင်း– အရှက်အကြောက်ကြီးတာကို ဘယ်လို အောင်မြင်ကျော်လွှားနိုင်မလဲ။ (th သင်ခန်းစာ ၁၆)

ခရစ်ယာန်အသက်တာလမ်းစဉ်

သီချင်း ၅၉

၇။ ရှက်တတ်သူတွေလည်း အမှုဆောင်လုပ်ငန်းမှာ ပျော်ရွှင်နိုင်

(၁၅ မိ.) ဆွေးနွေးပါ။

သင်ဟာ ရှက်တတ်သူလား။ အနေအေးသူလား။ လူတွေနဲ့ စကားပြောရမှာကို စဉ်းစားလိုက်ရုံနဲ့တင် ရင်တုန်ပန်းတုန် ဖြစ်သွားသလား။ တစ်ခါတစ်ခါ ရှက်ကြောက်စိတ်ကြောင့် ကိုယ်လုပ်ချင်တာကို မလုပ်ရဲတာမျိုး ဖြစ်နိုင်တယ်။ ဒါပေမဲ့ ရှက်တတ်သူများစွာဟာ အမှုဆောင်လုပ်ငန်းမှာ ပိုပါဝင်ပြီး ပျော်ရွှင်နေကြပြီ။ သူတို့ဆီကနေ ဘာသင်ယူနိုင်သလဲ။

ရှက်ကြောက်ပေမဲ့ အကောင်းဆုံးပေးဆက် ဗီဒီယို ပြပါ ပြီးနောက် ပရိသတ်ကို မေးပါ။

  • “ယေဟောဝါရဲ့အမှုဆောင်ခြင်းကို အကောင်းဆုံး လုပ်ဆောင်သွားပါ” ဆိုတဲ့ အဘွားရဲ့ ဆုံးမစကားကို နားထောင်လို့ ညီအစ်မလီ ဘာအကျိုးရခဲ့သလဲ။

မောရှေ၊ ယေရမိ၊ တိမောသေတို့လည်း ရှက်တတ်သူတွေဖြစ်တယ်လို့ ကျမ်းစာဆိုတယ်။ (ထွ ၃:၁၁။ ၄:၁၀။ ယေ ၁:၆-၈။ ၁တိ ၄:၁၂) ဒါပေမဲ့ သူတို့နဲ့အတူ ယေဟောဝါရှိနေလို့ ပေးအပ်တဲ့တာဝန်ကြီးတွေကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့တယ်။ (ထွ ၄:၁၂။ ယေ ၂၀:၁၁။ ၂တိ ၁:၆-၈)

ဟေရှာယ ၄၃:၁၊ ၂ ကိုဖတ်ပါ ပြီးနောက် ပရိသတ်ကို မေးပါ။

  • ယေဟောဝါက မိမိကိုဝတ်ပြုသူတွေကို ဘာကတိပေးသလဲ။

အမှုဆောင်မှာ ပါဝင်ဖို့ ရှက်ကြောက်နေသူတွေကို ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။

နှစ်ခြင်းခံခြင်းက ပိုပြီးပျော်ရွှင်စေ—ကောက်နုတ်ချက် ဗီဒီယို ပြပါ ပြီးနောက် ပရိသတ်ကို မေးပါ။

  • အမှုဆောင်မှာ ယေဟောဝါရဲ့အစွမ်းတန်ခိုးနဲ့ ကူညီထောက်မမှုကို ညီအစ်မ ဂျက်ဆင် ဘယ်လို ခံစားခဲ့ရသလဲ။

  • အမှုဆောင်လုပ်ငန်းက ရှက်တတ်သူတွေကို ဘယ်လို ကူညီပေးသလဲ။

၈။ အသင်းတော် ကျမ်းစာလေ့လာမှု

နိဂုံးချုပ်မှတ်ချက် (၃ မိ.) | သီချင်း ၁၅၁ နဲ့ ဆုတောင်းချက်