မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဇန်နဝါရီ ၂၇–ဖေဖော်ဝါရီ ၂

ဆာလံ ၁၄၀-၁၄၃

ဇန်နဝါရီ ၂၇–ဖေဖော်ဝါရီ ၂

သီချင်း ၄၄ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ

၁။ ဆုတောင်းချက်နဲ့အညီ လုပ်ဆောင်ပါ

(၁၀ မိ.)

အကြံပြုချက်၊ ဆုံးမစကားတွေကို တလိုတလား လက်ခံပါ (ဆ ၁၄၁:၅က၂၂.၀၂ ၁၂ ပိုဒ်. ၁၃-၁၄)

ကျွန်တော်တို့အတွက် ယေဟောဝါ လုပ်ဆောင်ပေးခဲ့တာတွေကို ပြန်စဉ်းစားပါ (ဆ ၁၄၃:၅ က၁၀ ၃/၁၅ ၃၂ ပိုဒ်. ၄)

ကိစ္စရပ်တွေကို ယေဟောဝါ ရှုမြင်သလို ရှုမြင်တတ်ဖို့ ကြိုးစားပါ (ဆ ၁၄၃:၁၀ က၁၅ ၃/၁၅ ၃၂ ပိုဒ်. ၂)

ဆာလံ ၁၄၀-၁၄၃ မှာ ဒါဝိဒ်ရဲ့ ဆုတောင်းစကားတွေကို တွေ့ရတယ်။ ဒါ့အပြင် ဆုတောင်းချက်နဲ့အညီ သူပြုမူနေထိုင်ကြောင်းကိုလည်း တွေ့ရတယ်။

၂။ ဘုရားရေးရာ ရတနာ

(၁၀ မိ.)

  • ဆ ၁၄၁:၂—ကျွန်တော်တို့ရဲ့ လှိုက်လှဲတဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်လို မြင်သလဲ။ (က၂၂.၀၃ ၂၁ ပိုဒ်. ၇)

  • ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေ ဝေမျှချင်သလဲ။

၃။ ကျမ်းစာဖတ်ရှုခြင်း

အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ

၄။ စကားစမြည် စပြောခြင်း

(၄ မိ.) အလွတ်သဘော သက်သေခံခြင်း။ လိုအပ်နေတဲ့ အကူအညီပေးပြီးနောက် ကျမ်းစာအကြောင်းအရာဘက် စကားလမ်းကြောင်းပြောင်းပါ။ (lmd သင်ခန်းစာ ၃ အချက် ၅)

၅။ ပြန်လည်ပတ်ခြင်း

(၃ မိ.) အများရှေ့သက်သေခံခြင်း။ မအားဘူးလို့ ပြောတဲ့အခါ။ (lmd သင်ခန်းစာ ၇ အချက် ၃)

၆။ ယုံကြည်ချက် ရှင်းပြခြင်း

(၅ မိ.) သရုပ်ပြ။ ijwfq ဆောင်းပါး ၂၁—အဓိကအကြောင်း– ယေဟောဝါသက်သေတွေက သွေးသွင်းခြင်းကို ဘာဖြစ်လို့ လက်မခံတာလဲ။ (th သင်ခန်းစာ ၇)

ခရစ်ယာန်အသက်တာလမ်းစဉ်

သီချင်း ၁၄၁

၇။ ဆေးကုသမှု၊ ခွဲစိတ်မှုအတွက် ကြိုတင်ပြင်ဆင်ထားပါ

(၁၅ မိ.) ဆွေးနွေးပါ။

ဆေးကုသမှု၊ ခွဲစိတ်မှုခံရတော့မယ်ဆိုရင် ကျွန်တော်တို့ စိုးရိမ်ပူပန်တတ်ကြတယ်။ ဒါပေမဲ့ “ဒုက္ခရောက်ချိန်မှာ ကူညီပေးဖို့ အသင့်” ရှိမယ်ဆိုပြီး ယေဟောဝါ ကတိပြုထားတယ်။ (ဆ ၄၆:၁) ကြိုတင်ပြင်ဆင်နိုင်အောင်လည်း လိုအပ်ရာမှန်သမျှ ပြင်ဆင်ပေးထားပါတယ်။ ဥပမာ၊ သွေးနဲ့ပတ်သက်တဲ့ ကျမ်းစာပညတ်ကို လိုက်နာနိုင်အောင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်လွှဲစာ (DPA)၊ စိစစ်ရေးကတ်ပြား a စတဲ့ ဆေးဘက်ဆိုင်ရာ စာရွက်စာတမ်းတွေ b ပြင်ဆင်ပေးထားတဲ့အပြင် ဆေးရုံဆက်သွယ်ရေးကော်မတီ (HLC) ကိုလည်း ဖွဲ့စည်းပေးထားတယ်။—တ ၁၅:၂၈၊ ၂၉

ဆေးကုသမှုအတွက် ကြိုတင်ပြင်ဆင်ထားသလား ဗီဒီယို ပြပါ ပြီးနောက် ပရိသတ်ကို မေးပါ။

  • DPA ကတ် ဖြည့်ထားလို့ ညီအစ်ကို/မတချို့ ဘယ်လို အကျိုးရခဲ့သလဲ။

  • မိခင်လောင်းများအတွက် အချက်အလက် (S-401) ဖြည့်ထားလို့ ဘယ်လို အကျိုးတွေရခဲ့သလဲ။

  • ဆေးရုံတက်ဖို့၊ ခွဲစိတ်ကုသဖို့၊ ကင်ဆာကုထုံးခံယူဖို့ စတဲ့အခြေအနေနဲ့ ကြုံရတဲ့အခါ သွေးသွင်းဖို့မလိုဘူးလို့ ယူဆရင်တောင် HLC ကို ဘာကြောင့် ချက်ချင်း အကြောင်းကြားသင့်သလဲ။

၈။ အသင်းတော် ကျမ်းစာလေ့လာမှု

နိဂုံးချုပ်မှတ်ချက် (၃ မိ.) | သီချင်း ၁၀၃ နဲ့ ဆုတောင်းချက်

a နှစ်ခြင်းခံပြီးသား ကြေညာသူတွေက စာအုပ်စာတမ်း အမှုထမ်းဆီကနေ ကိုယ်တိုင်အတွက် DPA ကတ်နဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေအတွက် စိစစ်ရေးကတ်ပြား တောင်းနိုင်တယ်။

b မိခင်လောင်းများအတွက် အချက်အလက် (S-401)၊ ခွဲစိတ်ခံရမယ့် ဒါမှမဟုတ် ကင်ဆာဆေးသွင်းမယ့် လူနာတွေအတွက် အချက်အလက် (S-407)၊ သွေးတလွဲသုံးခြင်းမှ သားသမီးများကို မိဘများကာကွယ်ပေးနိုင်ပုံ (S-55) လိုအပ်မယ်ဆိုရင် အကြီးအကဲတွေဆီကနေ တောင်းခံနိုင်ပါတယ်။