မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖေဖော်ဝါရီ ၂၄–မတ် ၂

ပညာအလိမ္မာ ၂

ဖေဖော်ဝါရီ ၂၄–မတ် ၂

သီချင်း ၃၅ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ

၁။ ကိုယ်ပိုင်လေ့လာမှုလုပ်ဖို့ ဘာကြောင့် စိတ်ထက်သန်သင့်သလဲ

(၁၀ မိ.)

အမှန်တရားကို လေးမြတ်တန်ဖိုးထားကြောင်း ပြသရာရောက်လို့ (ပ ၂:၃၊ ၄က၂၂.၀၈ ၁၈-၁၉ ပိုဒ်. ၁၆)

ဆုံးဖြတ်ချက်ကောင်းချနိုင်အောင် ကူညီပေးလို့ (ပ ၂:၅-၇က၂၂.၁၀ ၁၉ ပိုဒ်. ၃-၄)

ယုံကြည်ခြင်း ခိုင်ခံ့စေလို့ (ပ ၂:၁၁၊ ၁၂က၁၆.၀၉ ၂၃ ပိုဒ်. ၂-၃)

ကိုယ့်ကိုယ်ကိုယ်မေးပါ။ ‘အဓိပ္ပာယ်ရှိတဲ့ ကိုယ်ပိုင်လေ့လာမှု ပုံမှန်လုပ်ဖြစ်အောင် ဘယ်လိုလုပ်မလဲ။’

၂။ ဘုရားရေးရာ ရတနာ

(၁၀ မိ.)

  • ပ ၂:၁၀-၁၂—ဉာဏ်ပညာ၊ အသိပညာ၊ စဉ်းစားဆင်ခြင်နိုင်စွမ်းနဲ့ ပိုင်းခြားသိမြင်နိုင်စွမ်းတို့က ဘယ်လိုနည်းနဲ့ အကာအကွယ် ဖြစ်သလဲ။ (က၉၉ ၁၁/၁၅ ၂၇ ပိုဒ်. ၂-၃)

  • ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေ ဝေမျှချင်သလဲ။

၃။ ကျမ်းစာဖတ်ရှုခြင်း

အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ

၄။ စကားစမြည် စပြောခြင်း

(၄ မိ.) တစ်အိမ်မှတစ်အိမ်။ ဇနီးမောင်နှံတွေအတွက် အကူအညီဖြစ်စေမယ့် အကြောင်းအရာတွေကို jw.org မှာ ဘယ်လိုရှာနိုင်သလဲဆိုတာ ပြပေးပါ။ (lmd သင်ခန်းစာ ၁ အချက် ၃)

၅။ ပြန်လည်ပတ်ခြင်း

(၃ မိ.) အလွတ်သဘော သက်သေခံခြင်း။ အရင်တစ်ခေါက်က သူစိတ်ဝင်စားတဲ့ အကြောင်းအရာကို သိခဲ့ရ။ အဲဒီအကြောင်းပါတဲ့ မဂ္ဂဇင်း ဝေငှပါ။ (lmd သင်ခန်းစာ ၉ အချက် ၃)

၆။ ဟောပြောချက်

(၅ မိ.) lmd နောက်ဆက်တွဲ က အချက် ၈—အဓိကအကြောင်း– ခင်ပွန်းနဲ့ ဇနီး အချင်းချင်း သစ္စာရှိရမယ်။ (th သင်ခန်းစာ ၁၃)

ခရစ်ယာန်အသက်တာလမ်းစဉ်

သီချင်း ၉၆

၇။ သင်ဟာ ရတနာသိုက် ရှာဖွေသူလား

(၁၅ မိ.) ဆွေးနွေးပါ။

လူငယ်တို့၊ ရတနာသိုက်ရှာတဲ့ ကစားနည်းကို ကြိုက်သလား။ စကြဝဠာမှာ အဖိုးတန်ဆုံးရတနာဖြစ်တဲ့ ဘုရားနဲ့ပတ်သက်တဲ့အသိပညာကို လိုက်ရှာဖို့လည်း ကျမ်းစာ အားပေးထားတယ်။ (ပ ၂:၄၊ ၅) ကျမ်းစာကို ပုံမှန်ဖတ်ရှုခြင်း၊ နက်နက်နဲနဲ လေ့လာခြင်းအားဖြင့် ဘုရားရေးရာ အသိပညာရတနာတွေ တူးဖော်နိုင်တယ်။ ဒီလိုလုပ်ရင် ပျော်လည်းပျော်မယ်၊ အကျိုးကျေးဇူးများစွာလည်း ရမယ်။

  • ကျမ်းစာဖတ်ရင်း ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးနိုင်သလဲ။ (က၂၄.၀၂ ၃၂ ပိုဒ်. ၂-၃)

  • အဖြေတွေ ရှာတွေ့နိုင်ဖို့ ဘယ်ကိရိယာတွေ သုံးနိုင်သလဲ။

ကျမ်းစာဖတ်တဲ့အခါ တွေးတောဆင်ခြင်နိုင်ပုံကို သိချင်ရင် ယေဟောဝါရဲ့မိတ်ဆွေတွေဆီကနေ သင်ယူပါ ဗီဒီယိုတွေကို ကြည့်ရှုနိုင်တယ်။

ယေဟောဝါရဲ့မိတ်ဆွေတွေဆီကနေ သင်ယူပါ—အာဗေလ ဗီဒီယို ပြပါ

ကမ္ဘာဦး ၄:၂-၄ နဲ့ ဟီဘရူး ၁၁:၄ ကိုဖတ်ပါ ပြီးနောက် ပရိသတ်ကို မေးပါ–

  • ယေဟောဝါရဲ့မိတ်ဆွေဖြစ်ကြောင်း အာဗေလ ဘယ်လိုပြသလဲ။

  • ဘယ်လိုနည်းနဲ့ ယေဟောဝါကို အာဗေလ ပိုယုံကြည်လာသလဲ။

  • ယုံကြည်ခြင်း ပိုခိုင်ခံ့လာအောင် သင် ဘယ်လိုလုပ်နိုင်သလဲ။

၈။ အသင်းတော် ကျမ်းစာလေ့လာမှု

နိဂုံးချုပ်မှတ်ချက် (၃ မိ.) | သီချင်း ၁၀၂ နဲ့ ဆုတောင်းချက်