မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—ပြန်လည်ပတ်နိုင်ဖို့ လမ်းခင်းထားပါ

အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—ပြန်လည်ပတ်နိုင်ဖို့ လမ်းခင်းထားပါ

ဘာကြောင့် အရေးကြီး–

စိုက်ပျိုးခဲ့တဲ့ အမှန်တရားမျိုးစေ့ကို ကျွန်ုပ်တို့ ရေလောင်းပေးချင်ကြတယ်။ (၁ ကော. ၃:၆) စိတ်ဝင်စားသူကိုတွေ့တဲ့အခါ သူ့ဆီ နောက်တစ်ခေါက်ပြန်လည်ပတ်ပြီး ဆွေးနွေးနိုင်ဖို့ မေးခွန်းတစ်ခု မေးထားခဲ့တာက ကောင်းပါတယ်။ အဲဒီလိုလုပ်တဲ့အခါ အိမ်ရှင်ကလည်း စောင့်မျှော်နေမှာဖြစ်သလို ပြန်လည်ပတ်မှုအတွက် ရိုးရှင်းစွာ ပြင်ဆင်နိုင်မှာ ဖြစ်တယ်။ ပြန်လည်ပတ်တဲ့အခါ အရင်တစ်ခေါက်က မေးခဲ့တဲ့မေးခွန်းကို အဖြေပေးဖို့ ရောက်လာတာပါဆိုပြီး အိမ်ရှင်ကို ပြောပြနိုင်ပါတယ်။

လုပ်ဆောင်နိုင်ပုံ–

  • အမှုဆောင်အတွက် တင်ဆက်နည်းပြင်ဆင်တဲ့အခါ နောက်တစ်ကြိမ်လည်ပတ်ချိန်မှာ အဖြေပေးနိုင်မယ့် မေးခွန်းတစ်ခုကိုပါ ထည့်သွင်းပြင်ဆင်ပါ။ ဝေငှတဲ့စာပေထဲက အဖြေဖော်ပြထားတဲ့ မေးခွန်းတစ်ခုကို ရွေးချယ်နိုင်တယ်။ ဒါမှမဟုတ် နောက်တစ်ကြိမ်လည်ပတ်ချိန်မှာ အိမ်ရှင်ကိုပေးမယ့် ကျမ်းစာလေ့လာမှုစာပေတစ်ခုခုထဲက မေးခွန်းတစ်ခုကို မေးနိုင်တယ်။

  • စိတ်ဝင်စားသူနဲ့ စကားလက်ဆုံပြောပြီးနောက် သူနဲ့ နောက်ထပ်စကားပြောဆိုချင်ကြောင်း ပြောပြပြီး ပြင်ဆင်ထားတဲ့ မေးခွန်းကို မေးထားခဲ့ပါ။ ဖြစ်နိုင်မယ်ဆိုရင် သူနဲ့ ဆက်သွယ်နိုင်မယ့်အချက်အလက် ရယူပါ။

  • ချိန်းထားတဲ့အချိန်အတိုင်း အတိအကျ ပြန်သွားပါ။—မ. ၅:၃၇