အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ
သတင်းကောင်း ဘရိုရှာကိုသုံးပြီး ကျမ်းစာသင်အံမှု ကျင်းပနိုင်ပုံ
-
၁ အဓိကအချက်ကို အိမ်ရှင်အာရုံစိုက်လာအောင် စာလုံးမည်းနဲ့ရေးထားပြီး နံပါတ်တပ်ထားတဲ့မေးခွန်းကို ဖတ်ပြပါ။
-
၂ အဖြေပေးထားတဲ့ စာပိုဒ်ကို ဖတ်ပြပါ။
-
၃ စာလုံးမည်းနဲ့ဖော်ပြထားတဲ့ ကျမ်းချက်တွေကို ဖတ်ပါ။ ပြီးနောက် နံပါတ်တပ်ထားတဲ့မေးခွန်းအတွက် ကျမ်းချက်တွေမှာ အဖြေပါမှန်း အိမ်ရှင်သိနိုင်အောင် လိမ္မာပါးနပ်စွာ မေးပါ။
-
၄ မေးခွန်းအောက်မှာ နောက်ထပ်စာပိုဒ်ရှိနေသေးရင် အဆင့် ၂ နဲ့ ၃ ကို ထပ်လုပ်ဆောင်ပါ။ နံပါတ်တပ်ထားတဲ့မေးခွန်းနဲ့ သက်ဆိုင်တဲ့ ဗီဒီယိုတစ်ခုခု jw.org မှာရှိတယ်ဆိုရင် ဆွေးနွေးနေရင်း အဲဒီဗီဒီယိုကို ပြပေးပါ။
-
၅ အဓိကအချက်ကို အိမ်ရှင် နားလည်၊ မလည်သိနိုင်ဖို့ သူ့ကို နံပါတ်တပ်ထားတဲ့မေးခွန်း မေးကြည့်ပါ။