နမူနာတင်ဆက်နည်းများ
ကင်းမျှော်စင်
မေးခွန်း– ဒီကျမ်းစာလမ်းညွှန်ချက်ကို လူတိုင်းလိုက်နာမယ်ဆိုရင် ကမ္ဘာကြီးက ပိုကောင်းလာမလား။
ကျမ်းချက်– ဟေဗြဲ ၁၃:၁၈
ဝေငှပုံ– ဘယ်ကိစ္စမှာမဆို ရိုးသားဖို့ ကျမ်းစာမှာ ကျွန်တော်တို့ကို တိုက်တွန်းထားတယ်။ ရိုးသားခြင်းက ဘဝကဏ္ဍတိုင်းအပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲဆိုတာ ဒီကင်းမျှော်စင်မှာ ဆွေးနွေးထားတယ်။
ကင်းမျှော်စင် (နောက်ကျောဖုံး)
မေးခွန်း– ဒီမေးခွန်းနဲ့ပတ်သက်ပြီး မိတ်ဆွေရဲ့အမြင်ကို သိပါရစေ။ [ပထမဆုံးမေးခွန်းကို ဖတ်ပြပါ။] သေသွားရင် တခြားဘဝမှာ ဆက်အသက်ရှင်နေတယ်လို့ တချို့ယုံကြတယ်။ တချို့ကျတော့ သေခြင်းဆိုတာ အရာအားလုံးရဲ့နိဂုံးလို့ ယုံကြတယ်။ မိတ်ဆွေကော ဘယ်လို ယုံကြည်လဲ။
ကျမ်းချက်– ဒေ. ၉:၅
ဝေငှပုံ– သေခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာအဆိုကို ဒီဆောင်းပါးမှာ အများကြီးရှင်းပြထားတယ်။ ဖတ်ကြည့်ပါလား။ ဒီအကြောင်းကို နောက်တစ်ကြိမ် ထပ်ဆွေးနွေးချင်တယ်။
လူမျိုးအားလုံးအတွက် သတင်းကောင်း
ဝေငှပုံ– အခမဲ့ကျမ်းစာလေ့လာနိုင်တဲ့အကြောင်း လာပြောပြတာပါ။ အရေးကြီးတဲ့မေးခွန်းတွေရဲ့အဖြေကို ကျမ်းစာထဲမှာ ရှာတွေ့နိုင်တဲ့အကြောင်း ဒီစာစောင်မှာ ရှင်းပြထားတယ်။
မေးခွန်း– ကျမ်းစာဖတ်ဖူးလား။ ဒီစာစောင်ထဲက ဖော်ပြချက်တွေဟာ နားလည်ဖို့ ဘယ်လောက် လွယ်ကူလဲဆိုတာ ပြပေးချင်ပါတယ်။ [အခန်း ၂ က မေးခွန်း ၁ ကို သုံးသပ်ပါ။]
ကျမ်းချက်– ဗျာ. ၄:၁၁
ကိုယ်ပိုင်တင်ဆက်နည်းကို ချရေးပါ
နမူနာတွေကိုသုံးပြီး ကိုယ်ပိုင်တင်ဆက်နည်းတွေ ဖန်တီးပါ။