ခရစ်ယာန်အသက်တာလမ်းစဉ်
မစိုးရိမ်ကြနဲ့တော့
တောင်ပေါ်ဒေသနာမှာ ယေရှုက အသက်ရှင်နေထိုင်ဖို့ “မစိုးရိမ်ကြနဲ့တော့” လို့ပြောခဲ့တယ်။ (မ ၆:၂၅) စာတန့်လောကမှာ အသက်ရှင်နေတဲ့ မစုံလင်သူတွေအနေနဲ့ စိုးရိမ်မှုတွေရှိတာ သဘာဝပဲ။ ဒါပေမဲ့ အစိုးရိမ်မလွန်ဖို့ ယေရှု သင်ပေးတာဖြစ်တယ်။ (ဆ ၁၃:၂) ဘာကြောင့်လဲ။ နေ့စဉ်လိုအပ်ရာအတွက်ပဲ ဖြစ်ပါစေ စိုးရိမ်လွန်းတာက အာရုံထွေပြားစေတဲ့အတွက် နိုင်ငံတော်ကို ဦးစားထားဖို့ ခက်သွားစေတယ်။ (မ ၆:၃၃) ယေရှု ဆက်ပြောတဲ့စကားတွေက မလိုအပ်ဘဲ စိုးရိမ်တာမျိုးမဖြစ်ဖို့ ကူညီပေးတယ်။
-
မ ၆:၂၆—ငှက်တွေကိုကြည့်ပြီး ဘာသင်ယူနိုင်သလဲ။ (က၁၆.၀၇ ၉-၁၀ ပိုဒ်. ၁၁-၁၃)
-
မ ၆:၂၇—မလိုအပ်ဘဲ စိုးရိမ်တာက ဘာကြောင့် အချိန်ကုန်လူပန်း ဖြစ်စေသလဲ။ (က၀၅ ၁၁/၁ ၂၂ ပိုဒ်. ၅)
-
မ ၆:၂၈-၃၀—တောနှင်းပန်းတွေကနေ ဘာသင်ခန်းစာရသလဲ။ (က၁၆.၀၇ ၁၀-၁၁ ပိုဒ်. ၁၅-၁၆)
-
မ ၆:၃၁၊ ၃၂—ခရစ်ယာန်တွေဟာ လောကသားတွေနဲ့ ဘယ်လို ကွာခြားသလဲ။ (က၁၆.၀၇ ၁၁ ပိုဒ်. ၁၇)
ကျွန်တော် အလွန်မစိုးရိမ်သင့်တဲ့ အရာက ဘာတွေလဲ။