မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမှုဆောင်​လုပ်ငန်းမှာ ကျင့်သုံး​ပါ | အမှုဆောင်​လုပ်ငန်းမှာ ပို​ပျော်ရွှင်​နိုင်​ပုံ

စာနာမှု ပြပါ

စာနာမှု ပြပါ

စာနာမှု​ဆိုတာ တခြား​သူတွေရဲ့ အတွေး၊ ခံစားချက်၊ ကိုယ်ကျင့်တရား​ စံနှုန်း​နဲ့ လိုအပ်ရာတွေကို နားလည်​ပေးခြင်း ဖြစ်တယ်။ တခြား​သူတွေ အလွယ်တကူ သိမြင်​နိုင်​တဲ့ အရည်အသွေး​ပါ​ပဲ။ တခြား​သူတွေကို တကယ်​ ကူညီ​ပေး​ချင်စိတ် ရှိရင် စာနာမှု ရှိလာ​ပါ​လိမ့်မယ်။ အမှုဆောင်​လုပ်ငန်းမှာ စာနာမှု​ ပြတာက ယေဟောဝါ​ရဲ့ မေတ္တာနဲ့ ဂရုစိုက်​မှု​ကို အတု​ယူတာ​ ဖြစ်တယ်။ လူတွေကို ယေဟောဝါ​ဆီ ဆွဲဆောင်​တယ်။—ဖိ ၂:၄

စာနာမှု​ ပြ​တယ်​ဆိုတာ သွန်သင်ခြင်း နည်း​စနစ်​လောက်​ပဲ မဟုတ်ဘူး။ ကျွန်တော်​တို့​ရဲ့ နားထောင်​ပုံ၊ ပြောဆို​ပုံ၊ စိတ်သဘောထား၊ ကိုယ်ဟန်​အမူအရာ၊ မျက်နှာ​နေ​ မျက်နှာထား​မှာ ပေါ်လွင်​တယ်။ တစ်ဖက်သားကို အမှန်တကယ် စိတ်ဝင်စားမှု ပြခြင်း​အားဖြင့် စာနာမှု ပြ​ကြတယ်။ တစ်ဖက်သားရဲ့ စိတ်ဝင်စား​ရာ၊ ယုံကြည်ချက်​နဲ့ အခြေအနေ​ကို ထည့်​စဉ်းစား​တယ်။ လက်တွေ့ကျတဲ့ အချက်အလက်​တွေ​ကို ပြောပြ​ပေမဲ့ ပြောင်းလဲ​ဖို့ အတင်း​ ဖိအား​မပေးဘူး။ ကျွန်တော်​တို့​ရဲ့ အကူအညီကို လူတွေ လက်ခံ​ရင်​တော့ ပျော်​ကြတယ်။

တပည့်​ဖြစ်စေခြင်း​လုပ်ငန်းမှာ ပျော်ရွှင်​ဖို့ စွမ်းရည်​များ​ကို မြှင့်တင်​ပါ—စာနာမှု​ပြ​ခြင်း ဗီဒီယိုကို ကြည့်​ပါ။ ပြီး​နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ။

  • ဂျက်စမင် နောက်ကျ​တဲ့​အခါ နီ​တာ ဘယ်လို စာနာမှု ပြ​ခဲ့​သလဲ။

  • ကျမ်းစာ​လေ့လာ​ဖို့ အား​မရှိဘူးလို့ ဂျက်စမင် ပြော​တဲ့​အခါ နီ​တာ ဘယ်လို စာနာမှု ပြ​ခဲ့​သလဲ။

  • စာနာမှု​ ပြ​တာ​က လူတွေကို ယေဟောဝါ​ဆီ ဆွဲဆောင်

    သပ်သပ်ရပ်ရပ် မနေ​တတ်​ဘူးလို့ ဂျက်စမင် ပြော​တဲ့​အခါ နီ​တာ ဘယ်လို စာနာမှု ပြ​ခဲ့​သလဲ။