ခရစ်ယာန်အသက်တာလမ်းစဉ်
ရဲစွမ်းသတ္တိ ရှိဖို့ မခက်ခဲလွန်း
ရဲစွမ်းသတ္တိဆိုတာ ရဲဝံ့စွာ စွမ်းဆောင်နိုင်တဲ့ အရည်အချင်း ဖြစ်တယ်။ အကြောက်အလန့် မရှိတာကိုတော့ မဆိုလိုဘူး။ ကြောက်ရွံ့ပေမဲ့ လုပ်စရာ ရှိတာ လုပ်တာကို ဆိုလိုတယ်။ ယေဟောဝါဟာ ရဲစွမ်းသတ္တိရဲ့ ရင်းမြစ် ဖြစ်တယ်။ (ဆ ၂၈:၇) လူငယ်တွေ ရဲစွမ်းသတ္တိ ရှိကြောင်း ဘယ်လို ပြနိုင်သလဲ။
ကြောက်တတ်သူကို မဟုတ်ဘဲ ရဲစွမ်းသတ္တိ ရှိသူကို အတုယူပါ ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ။
-
လူငယ်တွေ ရဲစွမ်းသတ္တိ ရှိဖို့ လိုတဲ့ ဘယ်အခြေအနေတွေ ကြုံတွေ့ရသလဲ။
-
ဘယ်ကျမ်းစာမှတ်တမ်းတွေက ရဲစွမ်းသတ္တိ ရှိစေနိုင်သလဲ။
-
ကျွန်တော်တို့ ရဲစွမ်းသတ္တိ ရှိတဲ့အခါ ကိုယ်တိုင်နဲ့ တခြားသူတွေ ဘာအကျိုး ရသလဲ။