ခရစ်ယာန်အသက်တာလမ်းစဉ်
အသက်ကြီးတဲ့ အမျိုးသမီးတွေကို မိခင်လို၊ ငယ်ရွယ်တဲ့ အမျိုးသမီးတွေကို နှမလို ဆက်ဆံပါ
အသင်းတော်မှာ ရှိတဲ့ အသက်ကြီးသူတွေကို မိဘလို သဘောထားဖို့၊ အသက်ငယ်သူတွေကို မောင်နှမလို သဘောထားဖို့ ကျမ်းစာက ဆိုတယ်။ (၁ တိမောသေ ၅:၁၊ ၂ ကို ဖတ်ပါ။) အထူးသဖြင့် ညီအစ်ကိုတွေဟာ ညီအစ်မတွေကို ဂုဏ်သိက္ခာရှိရှိ၊ လေးလေးစားစား ဆက်ဆံဖို့ လိုတယ်။
ညီအစ်ကိုတစ်ယောက်ဟာ ညီအစ်မတစ်ယောက်ကို ပရောပရည် မလုပ်သင့်ဘူး။ စိတ်ကသိကအောက် ဖြစ်အောင် မလုပ်သင့်ဘူး။ (ယဘ ၃၁:၁) တစ်ကိုယ်ရေ ညီအစ်ကိုတစ်ယောက်ဟာ တစ်ကိုယ်ရေ ညီအစ်မတစ်ယောက်ကို တကယ် မေတ္တာမရှိဘဲ ချစ်သယောင် မလှည့်စားသင့်ဘူး။
ညီအစ်မတွေက တလေးတစား မေးခွန်းမေးလာတဲ့အခါ၊ အချက်တစ်ချက်ကို ထောက်ပြလာတဲ့အခါ အကြီးအကဲတွေ ထည့်စဉ်းစားပေးသင့်တယ်။ ကာကွယ်ပေးမယ့် ခင်ပွန်းမရှိသူတွေကို အကြီးအကဲတွေ အထူးသဖြင့် ထောက်ထားစာနာကြတယ်။—ရု ၂:၈၊ ၉။
အသင်းတော်မှာ အစဉ်တည်တဲ့ မေတ္တာပြပါ—မုဆိုးမတွေနဲ့ ဖတဆိုးတွေကို ဗီဒီယို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ။
-
ညီအစ်မ စုစုမြင့်ကို အသင်းတော်က မေတ္တာ ဘယ်လို ပြသလဲ။
-
အသင်းတော် ပြတဲ့ မေတ္တာက ရွာသားတွေအတွက် သက်သေခံချက်ကောင်း ဘယ်လို ဖြစ်ခဲ့သလဲ။
-
အသင်းတော် ပြတဲ့ မေတ္တာက ညီအစ်မ စုစုမြင့်ရဲ့ သမီးတွေအပေါ် ဘယ်လို ကောင်းကျိုး ဖြစ်ခဲ့သလဲ။
အသင်းတော်မှာ ရှိတဲ့ ညီအစ်မတွေကို ထောက်ထားစာနာကြောင်း ဘယ်လိုနည်းတွေနဲ့ ပြနိုင်သလဲ။