ခရစ်ယာန်အသက်တာလမ်းစဉ်
စကားစမြည် ပြောဆိုနိုင်ပုံ နမူနာကို အသုံးပြုနည်း
စကားစမြည် ပြောဆိုနိုင်ပုံ နမူနာတွေဟာ အသေအချာ ပြင်ဆင်ထားတာ ဖြစ်လို့ အမှုဆောင်မှာ ထိရောက်တယ်ဆိုပြီး ကြေညာသူတွေ ပြောကြတယ်။ ဒေသတစ်ခုနဲ့ တစ်ခု အခြေအနေတွေ မတူတဲ့အတွက် ကြေညာသူတွေဟာ အမှုဆောင်မှာ လူတွေ စိတ်ဝင်စားမယ့် တခြား ချဉ်းကပ်နည်း ဒါမှမဟုတ် တခြား အကြောင်းအရာကို ဆွေးနွေးနိုင်တယ်။ အထူးကင်ပိန်းအတွက် ညွှန်ကြားချက်တွေကို လူတိုင်း လိုက်နာရမယ်။ ကျွန်တော်တို့ရဲ့ ပန်းတိုင်က နိုင်ငံတော် သတင်းကောင်း ဟောရမယ်ဆိုတဲ့ ယေရှုရဲ့ အမိန့်ကို နာခံဖို့ပါ။—မ ၂၄:၁၄။
ကျောင်းသားတာဝန် ကျတဲ့အခါ ကြေညာသူတွေဟာ ခရစ်ယာန် အသက်တာနဲ့ အမှုဆောင်လုပ်ငန်း မှာ ပါတဲ့ စကားစမြည် ပြောဆိုနိုင်ပုံ နမူနာအကြောင်းအရာကို ဆွေးနွေးရမယ်။ ဘာမှ မဖော်ပြထားရင် ကိုယ့်ဒေသမှာ ထိရောက်မယ့် မေးခွန်း၊ ကျမ်းချက်၊ နောက်လည်ပတ်မှုအတွက်၊ ဇာတ်အိမ်ကို သုံးနိုင်တယ်။ ဒါဟာ ၂၀၂၀၊ ဇွန်လထုတ် လေ့ကျင့်ခန်းစာစောင် စာမျက်နှာ ၈ မှာ ပါတဲ့ လမ်းညွှန်ချက်ကို ပြုပြင်ထားတာ ဖြစ်တယ်။