မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ် | လုပ်ငန်းတော် နှစ်သစ်အတွက် ပန်းတိုင်တွေ ချပါ

ဆောက်လုပ်ရေး စီမံကိန်းတွေမှာ ပါဝင်ကူညီပါ

ဆောက်လုပ်ရေး စီမံကိန်းတွေမှာ ပါဝင်ကူညီပါ

ဆောက်လုပ်ရေး စီမံကိန်းတွေမှာ ပါဝင်တာက ယေဟောဝါအတွက် အမှုဆောင်နည်းတစ်မျိုးပါ။ (ထွ ၃၆:၁) ကိုယ့်ဒေသနဲ့ နီးတဲ့ စီမံကိန်းတွေမှာ ရံဖန်ရံခါ ပါဝင်ဖို့ ဒေသဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်း လျှောက်လွှာ (DC–50) ဖြည့်နိုင်မလား။ ရပ်ဝေး စီမံကိန်းမှာ လအတန်ကြာ ပါဝင်နိုင်ဖို့ ယာယီစေတနာ့ဝန်ထမ်း အစီအစဉ်အတွက် လျှောက်လွှာ (A–19) ဖြည့်နိုင်မလား။ စေတနာ့ဝန်ထမ်း လုပ်ဖို့ ဆောက်လုပ်ရေး အတွေ့အကြုံ ရှိစရာ မလိုပါဘူး။—နေ ၂:၁၊ ၄၊ ၅

အမှုဆောင်ဖို့ အခွင့်အရေး တံခါးကြီးထဲ ယုံကြည်ခြင်းနဲ့ ဝင်ပါ—ဆောက်လုပ်ရေး စီမံကိန်းတွေမှာ ပါဝင်ကူညီပါ ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို ဖြေပါ–

  • စယ်ရာ ဘာကို စိုးရိမ်ခဲ့သလဲ။ ဘာအကူအညီ ရသလဲ။