မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကိုကီနာကစ် နှင့် ဂရိ– Droit réservé

ဘယ်အပေါ်ပုံကနေ နာရီလက်တံအတိုင်း သွားရန်–အနောက်ဗာဂျီးနီးယားပြည်နယ် ပညာရေးဘုတ်အဖွဲ့ နှင့် ဘားနက်။ ကိုကီနာကစ် နှင့် ဂရိ။ တော့ဂန်ရော့စ် LRO နှင့်အခြား နှင့် ရုရှား။ ချာ နှင့်အခြား နှင့် တောင်ကိုရီးယား

ခရစ်ယာန်အသက်တာလမ်းစဉ်

သတင်းကောင်း ဟောပြောခွင့်ကို “ခုခံကာကွယ်ပြီး တရားဥပဒေအရ အတည်ဖြစ်အောင်” လုပ်ဆောင်ခြင်း

သတင်းကောင်း ဟောပြောခွင့်ကို “ခုခံကာကွယ်ပြီး တရားဥပဒေအရ အတည်ဖြစ်အောင်” လုပ်ဆောင်ခြင်း

ဗိမာန်တော် ပြန်လည်တည်ဆောက်တာကို ရပ်တန့်သွားအောင် ဆန့်ကျင်သူတွေ ကြိုးစားတဲ့အခါ အစ္စရေးတွေက ဆောက်လုပ်ရေးလုပ်ငန်းအတွက် တရားဝင်ခွင့်ပြုချက်ရအောင် ကြိုးစားခဲ့ကြတယ်။ (ဧဇ ၅:၁၁-၁၆) ဒီနေ့ခေတ် ခရစ်ယာန်တွေလည်း သတင်းကောင်းဟောပြောခွင့်ကို ခုခံကာကွယ်ပြီး တရားဥပဒေအရ အတည်ဖြစ်အောင် လုပ်ဆောင်ကြတယ်။ (ဖိ ၁:၇) အဲဒီလိုလုပ်ဆောင်နိုင်ဖို့ ကမ္ဘာ့ဌာနချုပ်မှာ ဥပဒေရေးရာဌာနကို ၁၉၃၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့တယ်။ ကမ္ဘာ့ဌာနချုပ် ဥပဒေရေးရာဌာနက အခုအချိန်မှာ ကမ္ဘာတစ်ဝန်းက နိုင်ငံတော်လုပ်ငန်းကို ခုခံကာကွယ်ပေးနေပါတယ်။ ဒီဌာနက နိုင်ငံတော်လုပ်ငန်း တိုးတက်ရေးနဲ့ ဘုရားလူမျိုး အကျိုးအတွက် ဘယ်လို ကူညီပေးခဲ့သလဲ။

ကမ္ဘာ့ဌာနချုပ်မှာရှိတဲ့ ဥပဒေရေးရာဌာနကို လည်ပတ်ခြင်း ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • ယေဟောဝါသက်သေတွေဟာ ဘယ်ဥပဒေ ပြဿနာတွေ ရင်ဆိုင်ခဲ့ရသလဲ။

  • တရားဥပဒေနဲ့ပတ်သက်ပြီး ဘာအောင်မြင်မှုတွေ ရခဲ့သလဲ။ ဥပမာတစ်ခုကို ပြောပါ။

  • သတင်းကောင်း ဟောပြောခွင့်ကို “ခုခံကာကွယ်ပြီး တရားဥပဒေအရ အတည်ဖြစ်အောင်” လုပ်ဆောင်ရာမှာ ယောက်စီယောက်တိုင်း ဘယ်လို ကူညီပေးနိုင်သလဲ။

  • ဘုရားလူမျိုးအပေါ် အကျိုးသက်ရောက်မှုရှိတဲ့ တရားရေးရာဖြစ်စဉ်တွေနဲ့ ယုံကြည်ချက်ကြောင့် ထောင်ကျနေတဲ့ ယေဟောဝါသက်သေများ စာရင်းကို ကျွန်တော်တို့ ဝက်ဘ်ဆိုက်ရဲ့ ဘယ်နေရာမှာ ရှာတွေ့နိုင်သလဲ။