မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

မိသားစု ပျော်ရွှင်အောင် သင်လုပ်ဆောင်နိုင်

မိသားစု ပျော်ရွှင်အောင် သင်လုပ်ဆောင်နိုင်

ယေဟောဝါက မိသားစုတွေကို ပျော်ရွှင်စေချင်တယ်။ (ဆ ၁၂၇:၃-၅။ ဒေ ၉:၉။ ၁၁:၉) ဒါပေမဲ့ ဒီလောကရဲ့ ဖိစီးမှုတွေနဲ့ မိသားစုဝင်တွေရဲ့ အမှားကြောင့် ရွှင်လန်းမှု ပျောက်ဆုံးသွားနိုင်တယ်။ မိသားစုပျော်ရွှင်အောင် ယောက်တိုင်း ဘယ်လို လုပ်ဆောင်နိုင်သလဲ။

ခင်ပွန်းသည်က ဇနီးကို ဂုဏ်တင်တယ်။ (၁ပ ၃:၇) အချိန်ပေးတယ်။ ဇနီးသည်ဆီက မတန်တဆ မမျှော်လင့်ဘူး။ မိမိအတွက်၊ မိသားစုအတွက် ဇနီးသည် လုပ်ဆောင်ပေးနေတာတွေကို ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြတယ်။ (ကော ၃:၁၅) ဇနီးကို ချစ်ကြောင်းပြတယ်၊ ချီးမွမ်းပေးတယ်။—ပ ၃၁:၂၈၊ ၃၁

ဇနီးသည်က ခင်ပွန်းကို ထောက်မပေးနိုင်တဲ့ နည်းလမ်းတွေ ရှာကြံတယ်။ (ပ ၃၁:၁၂) ခင်ပွန်းကို လက်အောက်ခံတယ်။ ပူးပေါင်းလုပ်ဆောင်တယ်။ (ကော ၃:၁၈) ခင်ပွန်းကို ကြင်ကြင်နာနာ ပြောဆိုတယ်။ ခင်ပွန်းအကြောင်း လေးလေးစားစား ပြောတယ်။—ပ ၃၁:၂၆

မိဘတွေက သားသမီးတွေကို အချိန်ပေးတယ်။ (တရ ၆:၆၊ ၇) သားသမီးတွေကို ချစ်ကြောင်း ပြောတယ်။ (မ ၃:၁၇) ဆုံးမတဲ့အခါမှာလည်း မေတ္တာပါတယ်၊ ပိုင်းခြားသိမြင်မှုရှိတယ်။ —ဧ ၆:၄

သားသမီးတွေက မိဘစကား နားထောင်တယ်၊ မိဘကို ဂုဏ်တင်တယ်။ (ပ ၂၃:၂၂) ကိုယ့်ရဲ့အတွေး၊ ခံစားချက်တွေကို မိဘကို ပြောပြတယ်။ မိဘရဲ့ ဆုံးမစကားကို နားထောင်ပြီး မိဘကို ရိုသေလေးစားကြတယ်။—ပ ၁၉:၂၀

ပျော်ရွှင်စရာ မိသားစုဘဝ တည်ဆောက်ပါ ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

မိသားစုပျော်ရွှင်အောင် သူတို့တွေ ဘာလုပ်ကြသလဲ။