မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

ဘုရားသခင့် နိုင်ငံတော်အကြောင်း ကြေညာမယ့် စက်တင်ဘာလ အထူးကင်ပိန်း

ဘုရားသခင့် နိုင်ငံတော်အကြောင်း ကြေညာမယ့် စက်တင်ဘာလ အထူးကင်ပိန်း

ဘုရားသခင့် နိုင်ငံတော်ကပဲ လူ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့်အကြောင်း စက်တင်ဘာလမှာ အထူးကင်ပိန်းအနေနဲ့ ကြေညာပါမယ်။ (မ ၂၄:၁၄) ဘယ်လို ပါဝင်နိုင်မလဲ။ အဲဒီလအတွင်း လူများနိုင်သမျှ များများကို ဘုရားနိုင်ငံတော်နဲ့သက်ဆိုင်တဲ့ ကျမ်းချက်တစ်ချက် ဖတ်ပြပါ။ စိတ်ဝင်စားမှု ပြတယ်ဆိုရင် လူထုအတွက် ထုတ်ထားတဲ့ ကင်းမျှော်စင် ၂၀၂၀၊ အမှတ် ၂ စာစောင် ဝေငှပါ။ ပြီးနောက် စိတ်ဝင်စားသူဆီ အတတ်နိုင်ဆုံး ချက်ချင်း ပြန်လည်ပတ်ပါ။ ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင်နဲ့ သင်အံမှုစဖို့ ကြိုးစားပါ။ စက်တင်ဘာလအတွင်း အရန်ရှေ့ဆောင်လုပ်သူတွေဟာ ၁၅ နာရီ ဒါမှမဟုတ် နာရီ ၃၀ ရွေးချယ်နိုင်ပါတယ်။

ဘုရားနိုင်ငံတော်ကို ဆန့်ကျင်တဲ့ အစိုးရအားလုံး မကြာခင် ဖျက်ဆီးခံရပါတော့မယ်။ (ဒံ ၂:၄၄။ ၁က ၁၅:၂၄၊ ၂၅) ဒီအထူးကင်ပိန်းမှာ အပြည့်အဝ ပါဝင်ပြီး ယေဟောဝါဘုရားနဲ့ ဘုရားနိုင်ငံတော်ကို ထောက်ခံကြောင်း တင်ပြနိုင်ကြပါစေ။