မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

လုပ်ငန်းတော်နှစ်သစ်အတွက် ဘာပန်းတိုင်တွေ ချထားသလဲ

လုပ်ငန်းတော်နှစ်သစ်အတွက် ဘာပန်းတိုင်တွေ ချထားသလဲ

ယေဟောဝါရဲ့ အမှုတော်မှာ ပိုပါဝင်နိုင်ဖို့၊ ဘုရားစိတ်ကို ပိုရွှင်လန်းစေဖို့ ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်နိုင်ပါတယ်။ ပန်းတိုင်တွေက ကျွန်တော်တို့ကို ရင့်ကျက်တဲ့ ခရစ်ယာန်တွေ ဖြစ်စေတယ်။ ပန်းတိုင်ရောက်ဖို့ အချိန်နဲ့ ခွန်အား စိုက်ထုတ်ရကျိုး နပ်ပါတယ်။ (၁တိ ၄:၁၅) ပန်းတိုင်တွေကို ဘာကြောင့် ပုံမှန် ပြန်ဆန်းစစ်သင့်သလဲ။ အခြေအနေတွေ ပြောင်းလဲနေလို့ပါ။ အရင်က ချခဲ့တဲ့ ပန်းတိုင်ဟာ အခု လက်တွေ့မကျတော့တာ ဖြစ်နိုင်တယ်၊ ပန်းတိုင် ပြည့်မီသွားလို့ နောက်ထပ် ပန်းတိုင်အသစ်ချဖို့ လိုနေတာ ဖြစ်နိုင်တယ်။

လုပ်ငန်းတော်နှစ်သစ် မစခင်အချိန်ဟာ ပန်းတိုင်တွေချဖို့ အကောင်းဆုံးအချိန်ပါ။ ဒါကြောင့် မိသားစုဝတ်ပြုမှုမှာ ပန်းတိုင်တွေအကြောင်း ဆွေးနွေးပြီး ကိုယ်ပိုင်အတွက်၊ မိသားစုအတွက် ပန်းတိုင်တွေ ချပါ။

အောက်ပါကဏ္ဍတွေမှာ သတ်သတ်မှတ်မှတ် ဘာပန်းတိုင်တွေ ချမှတ်နိုင်သလဲ။ ပန်းတိုင်ရောက်ဖို့ ဘာတွေ လုပ်နိုင်သလဲ။

ကျမ်းစာဖတ်ရှုခြင်း၊ ကိုယ်ပိုင်လေ့လာမှု လုပ်ခြင်း၊ အစည်းအဝေး တက်ခြင်း၊ မှတ်ချက်ပေးခြင်း။—က၀၂ ၆/၁၅ ၁၅ ပိုဒ်. ၁၄-၁၅

အမှုဆောင်လုပ်ငန်း။—က၂၃.၀၅ ၂၇ ပိုဒ်. ၄-၅

ခရစ်ယာန် အရည်အသွေးများ။—က၂၂.၀၄ ၂၃ ပိုဒ်. ၅-၆

တခြား–