မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

ယေဟောဝါပြတဲ့ ခိုင်မြဲတဲ့မေတ္တာအကြောင်း အသေအချာ စဉ်းစားဆင်ခြင်ပါ

ယေဟောဝါပြတဲ့ ခိုင်မြဲတဲ့မေတ္တာအကြောင်း အသေအချာ စဉ်းစားဆင်ခြင်ပါ

ခိုင်မြဲတဲ့မေတ္တာ တင်ပြရာမှာ ယေဟောဝါဟာ အကောင်းဆုံး စံနမူနာရှင်ပါ။ (ဆ ၁၀၃:၁၁) ခိုင်မြဲတဲ့မေတ္တာဆိုတာ ခဏလေးနဲ့ ပျောက်ကွယ်သွားတတ်တဲ့ မေတ္တာမျိုး မဟုတ်ဘူး။ နက်ရှိုင်းပြီး ရေရှည်တည်မြဲတယ်။ ယေဟောဝါက အစ္စရေးလူမျိုးကို နည်းလမ်းပေါင်းစုံနဲ့ ခိုင်မြဲတဲ့မေတ္တာ ပြခဲ့တယ်။ သူတို့ကို အီဂျစ်ပြည် ကျွန်ဘဝကနေ ကယ်နုတ်ပြီး ကတိထားရာပြည်ထဲ ပို့ဆောင်ပေးတယ်။ (ဆ ၁၀၅:၄၂-၄၄) သူတို့အတွက် တိုက်ခိုက်ပေးခဲ့တယ်၊ သူတို့ အပြစ်လုပ်တဲ့အခါ အကြိမ်ကြိမ် ခွင့်လွှတ်ပေးတယ်။ (ဆ ၁၀၇:၁၉၊ ၂၀) “ယေဟောဝါပြတဲ့ ခိုင်မြဲတဲ့မေတ္တာအကြောင်း အသေအချာ စဉ်းစားဆင်ခြင်” တဲ့အခါ ဘုရားကို တုပဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။—ဆ ၁၀၇:၄၃

“ယေဟောဝါပြတဲ့ ခိုင်မြဲတဲ့မေတ္တာအကြောင်း အသေအချာ စဉ်းစားဆင်ခြင်ပါ” ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • ခိုင်မြဲတဲ့မေတ္တာကို ဘယ်နည်းလမ်းတွေနဲ့ တင်ပြနိုင်သလဲ။

  • ခိုင်မြဲတဲ့မေတ္တာပြဖို့ ဘာကြောင့် ကိုယ်ကျိုးစွန့်ဖို့ လိုသလဲ။