မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

ကျွန်တော်တို့အကျိုးအတွက် အလုပ်ကြိုးစားနေသူများ

ကျွန်တော်တို့အကျိုးအတွက် အလုပ်ကြိုးစားနေသူများ

တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ သူတို့ရဲ့ ဇနီးတွေဟာ ညီအစ်ကို/မတွေအတွက် ကိုယ်ကျိုးစွန့် မေတ္တာ တင်ပြကြတယ်။ ကျွန်တော်တို့ အားလုံးလိုပဲ သူတို့မှာလည်း ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ရှိပါတယ်။ မောပန်းတာ၊ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်ပူပန်စရာတွေလည်း ရှိကြတယ်။ (ယာ ၅:၁၇) ဒါတောင် အပတ်တိုင်း သူတို့လည်ပတ်တဲ့ အသင်းတော်က ညီအစ်ကို/မတွေကို ဘယ်လို အားပေးရမလဲဆိုတာ အာရုံစိုက်ကြတယ်။ တိုက်နယ်ကြီးကြပ်မှူးတွေဟာ “ရိုသေလေးစားမှု နှစ်ဆခံထိုက်သူတွေ” ပါ။—၁တိ ၅:၁၇

တမန်တော်ပေါလုက ရောမမြို့ကို လည်ပတ်ပြီး “ဘုရားသခင်ဆီက ဆုကျေးဇူးကို ဝေမျှပေး” ဖို့ စီစဉ်နေချိန်မှာ “အပြန်အလှန် အားပေးခွင့်” ရဖို့လည်း သူမျှော်လင့်ခဲ့တယ်။ (ရ ၁:၁၁၊ ၁၂) တိုက်နယ်ကြီးကြပ်မှူးနဲ့ ဇနီးကို ဘယ်လို အားပေးနိုင်သလဲဆိုတာ စဉ်းစားဖူးသလား။

ကျေးလက်ဒေသက တိုက်နယ်ကြီးကြပ်မှူးဘဝ ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • တိုက်နယ်ကြီးကြပ်မှူးနဲ့ ဇနီးဟာ အသင်းတော်အတွက် ဘယ်နည်းတွေနဲ့ ကိုယ်ကျိုးစွန့်မေတ္တာ တင်ပြနေကြသလဲ။

  • သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကနေ သင် ဘယ်လို အကျိုးရသလဲ။

  • သူတို့ကို ဘယ်လို အားပေးနိုင်သလဲ။