ခရစ်ယာန်အသက်တာလမ်းစဥ်
ဘုရားကို ချီးမွမ်းဂုဏ်တင်နိုင်ဖို့ ဘဝကို ရိုးရိုးရှင်းရှင်းထားပါ
ဒီနေ့အချိန်မှာ ဘဝကို ရှုပ်ထွေးစေတဲ့အရာ အများကြီးရှိတယ်။ ဈေးဝယ်ထွက်ဖို့၊ ပစ္စည်းဥစ္စာတွေ ဝယ်ဖို့၊ သုံးဖို့၊ ပြုပြင်ထိန်းသိမ်းဖို့ အချိန်နဲ့ခွန်အား ပေးဆပ်ရတယ်။ ယေရှုက ရိုးရှင်းတဲ့ဘဝနဲ့ နေထိုင်ခဲ့တယ်။ ပစ္စည်းဥစ္စာတွေကြောင့် အမှုဆောင်လုပ်ငန်းကနေ အာရုံလွဲသွားတာမျိုး မဖြစ်ခဲ့ဘူး။—မ. ၈:၂၀။
သင်လည်း အမှုဆောင်လုပ်ငန်းမှာ ပိုပါဝင်နိုင်ဖို့ ဘဝကို ဘယ်လိုရိုးရှင်းအောင်ထားမလဲ။ ပြုပြင်ပြောင်းလဲမှုတချို့လုပ်မယ်ဆိုရင် သင့်မိသားစုဝင် တစ်ဦးဦး ရှေ့ဆောင်လုပ်ငန်းမှာ ပါဝင်နိုင်မလား။ လောလောဆယ် အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်သူဖြစ်မယ်ဆိုရင် ပစ္စည်းဥစ္စာတွေကြောင့် ဘဝကို ရိုးရှင်းအောင်မထားနိုင်တော့တာမျိုး အဖြစ်ခံမလား။ ရိုးရိုးရှင်းရှင်းနေထိုင်ပြီး ယေဟောဝါရဲ့အမှုတော်ဆောင်ခြင်းက ကျေနပ်ပျော်ရွှင်စရာကောင်းတဲ့ ဘဝပါပဲ။—၁ တိ. ၆:၇-၉။
သင့်ဘဝကို ရိုးရှင်းအောင်လုပ်နိုင်တဲ့ နည်းလမ်းတွေကို ချရေးပါ-