မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဥ်

နိုင်ငံတော်အုပ်ချုပ်မှုသက်တမ်း အနှစ် ၁၀၀

နိုင်ငံတော်အုပ်ချုပ်မှုသက်တမ်း အနှစ် ၁၀၀

ဘုရားသခင့်နိုင်ငံသားဖြစ်လိုသူတွေဟာ နိုင်ငံတော်အကြောင်းနဲ့ နိုင်ငံတော်က ပြီးမြောက်ခဲ့ရာတွေအကြောင်းကို သိရှိထားသင့်ပါတယ်။ ဘာကြောင့်လဲ။ အဲဒါက ဘုရားသခင့်နိုင်ငံတော် စိုးစံနေပြီဖြစ်ကြောင်း ယုံကြည်စိတ်ချစေရုံသာမက ဘုရားနိုင်ငံတော်အကြောင်း တခြားသူတွေကို ပြောပြဖို့ လှုံ့ဆော်ပေးလို့ပါပဲ။ (ဆာ. ၄၅:၁; ၄၉:၃) နိုင်ငံတော်အုပ်ချုပ်မှုသက်တမ်း အနှစ် ၁၀၀ ဆိုတဲ့ဗီဒီယိုကိုကြည့်သွားရင်း အောက်ပါမေးခွန်းတွေကို အဖြေရှာပါ–

  1. ၁။ “ဖန်ဆင်းခြင်း ဓာတ်ပုံပြဇာတ်” က ကြည့်ရှုသူတွေအပေါ် ဘယ်လိုအကျိုးရှိစေခဲ့သလဲ။

  2. ၂။ လူတွေဆီ သတင်းကောင်းရောက်ရှိဖို့ ရေဒီယိုကို ဘယ်လိုအသုံးပြုခဲ့ကြသလဲ။

  3. ၃။ သတင်းကောင်းကြေညာရာမှာသုံးခဲ့တဲ့ တခြားနည်းလမ်းတွေက ဘာတွေလဲ။ ဘယ်လို အကျိုးရှိခဲ့သလဲ။

  4. ၄။ လွန်ခဲ့တဲ့နှစ်တွေတစ်လျှောက် အမှုဆောင်လုပ်ငန်းအတွက် လေ့ကျင့်ပေးမှုတွေဟာ ဘယ်လိုတိုးတက်လာခဲ့သလဲ။

  5. ၅။ ဂိလဒ်ကျောင်းသားတွေအတွက် လက်တွေ့ကျတဲ့ ဘယ်လေ့ကျင့်မှုတွေ ပြင်ဆင်ပေးခဲ့သလဲ။

  6. ၆။ ယေဟောဝါလူမျိုးကို ဘုရားရေးရာအသိပညာတွေပေးရာမှာ ခရိုင်စည်းဝေးတွေက ဘယ်အခန်းကဏ္ဍကနေ ပါဝင်သလဲ။

  7. ၇။ ဘုရားသခင့်နိုင်ငံတော်စိုးစံနေပြီဖြစ်ကြောင်း သင် ဘာကြောင့်ယုံကြည်တာလဲ။

  8. ၈။ ဘုရားသခင့်နိုင်ငံတော်ကို ထောက်ခံကြောင်း ဘယ်လိုတင်ပြနိုင်မလဲ။