မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဆာလံ ၅၂–၅၉

“ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ချထားလော့”

“ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ချထားလော့”

ဒါဝိဒ်ဟာ ဘဝမှာ ဆင်းရဲဒုက္ခမျိုးစုံ တွေ့ကြုံဖူးသူဖြစ်ပါတယ်။ ဆာလံ ၅၅ ကိုစပ်ဆိုချိန်မှာ သူခံစားနေရတဲ့အရာတွေကတော့ . . .

  • စော်ကားပြောဆိုခံရခြင်း

  • နှိပ်စက်ညှဥ်းပန်းခံရခြင်း

  • အပြစ်ရှိတယ်ဆိုတဲ့ခံစားချက်

  • မိသားစုပြဿနာ

  • ဖျားနာမှု

  • သစ္စာဖောက်ခံရခြင်း

ပြဿနာတွေက လုံးဝမဖြေရှင်းနိုင်ပုံပေါက်ပေမဲ့ ဖြေရှင်းနိုင်မယ့်နည်းလမ်းကို ဒါဝိဒ်တွေ့ထားတယ်။ သူ့လိုပဲ ဆင်းရဲဒုက္ခမျိုးစုံခံစားနေရသူတွေကို “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ချထား” ဖို့ စွမ်းအားတော်လမ်းညွှန်မှုနဲ့ အကြံပေးထားပါတယ်။

ဒီကျမ်းချက်တွေကို အခုအချိန်မှာ ဘယ်လိုကျင့်သုံးနိုင်မလဲ။

၅၅:၂၂

  1. ပြဿနာတစ်ခုခု၊ စိုးရိမ်ပူပန်စရာတစ်ခုခု ကြုံလာပြီဆိုရင် ယေဟောဝါဘုရားဆီ ရင်ဖွင့်ဆုတောင်းပါ

  2. ကျမ်းစာနဲ့ အဖွဲ့အစည်းကတစ်ဆင့် ပေးလာတဲ့ ထောက်မမှု၊ လမ်းညွှန်မှုကို ရှာဖွေပါ

  3. အခြေအနေတွေကောင်းလာဖို့ ကျမ်းစာမူတွေနဲ့အညီ ကိုယ့်ဘက်က လုပ်နိုင်တာကို လုပ်ဆောင်ပါ