ခရစ်ယာန်အသက်တာလမ်းစဥ်
“ဘုရားသခင်က ကူညီမစရှင်ဖြစ်”
ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲပြဿနာတွေနဲ့ပတ်သက်ပြီး ဒါဝိဒ်ရဲ့ခံစားချက်ကို ဆာလံ ၅၂-၅၉ မှာဖော်ပြထားတယ်။ ခက်ခဲကျပ်တည်းချိန်မှာတောင် ယေဟောဝါကို သူ ယုံကြည်ကိုးစားခဲ့တယ်။ (ဆာ. ၅၄:၄; ၅၅:၂၂) ဒါ့အပြင် ဘုရားသခင့်နှုတ်တော်ထွက်စကားတွေအတွက် ကိုယ်တော့်ကို ချီးမွမ်းခဲ့တယ်။ (ဆာ. ၅၆:၁၀) ဘုရားသခင်အပေါ် အဲဒီလိုယုံကြည်ခြင်းမျိုး၊ ကိုးစားမှုမျိုး ကျွန်ုပ်တို့မှာ ဆက်ရှိနေရဲ့လား။ ပြဿနာတွေကြုံရချိန်မှာ ကျမ်းစာလမ်းညွှန်ချက်တွေကို ကြိုးစားလိုက်လျှောက်နေသလား။ (သု. ၂:၆) အောက်ပါပြဿနာတစ်ခုခုကြုံရချိန်မှာ သင့်ကို ဘယ်ကျမ်းချက်တွေက ထောက်ကူပေးခဲ့သလဲ-
-
စိတ်ဓာတ်ကျတဲ့အခါ
-
ဖျားနာတဲ့အခါ
-
တခြားသူတွေ ထိုးနှက်ပြောဆိုတဲ့အခါ
-
နှိပ်စက်ညှဥ်းပန်းခံရတဲ့အခါ