ယေဟောဝါကို ကိုးစားပြီး ကောင်းသောအကျင့်ကိုကျင့်ပါ
“မတရားသဖြင့်ပြုသောသူတို့ကို မငြူစူနှင့်”
-
လူဆိုးတွေ ခဏတာကောင်းစားနေတာကို မနာလိုဖြစ်ပြီး ယေဟောဝါရဲ့အမှုဆောင်ခြင်းကနေ ဝေးကွာသွားတာမျိုး မဖြစ်ဖို့လို၊ ဘုရားရေးရာပန်းတိုင်တွေနဲ့ ကောင်းချီးတွေကို အာရုံစိုက်ပါ
‘ယေဟောဝါကို ကိုးစားပြီး ကောင်းသောအကျင့်ကိုကျင့်ပါ’
-
သံသယတွေ၊ စိုးရိမ်စရာတွေပျောက်သွားအောင် ယေဟောဝါ ကူညီပေးမယ်ဆိုတာ ယုံကြည်ဖို့လို၊ ဆက်သစ္စာရှိနိုင်အောင် ထောက်ကူပေးမှာဖြစ်
-
သတင်းကောင်းဟောပြောခြင်းလုပ်ငန်းမှာ အလုပ်များနေပါ
“ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့”
-
ယေဟောဝါဘုရားအကြောင်း ပိုသိလာအောင် ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်နိုင်ဖို့ ဇယားကောင်းကောင်းဆွဲပါ
“ကိုယ့်အမှုအရာကို ထာဝရဘုရား၌အပ်လော့”
-
အခက်အခဲတွေ ကိုင်တွယ်ဖြေရှင်းရာမှာ ယေဟောဝါဘုရား ကူညီပေးမယ်ဆိုတာ အပြည့်အဝယုံကြည်စိတ်ချဖို့လို
-
ဆန့်ကျင်မှု၊ နှိပ်စက်ညှဥ်းပန်းမှု၊ အထင်အမြင်လွဲမှားမှုတွေကြုံရတဲ့အခါ အမူအကျင့်ကောင်း ဆက်တင်ပြပါ
“ထာဝရဘုရားရှေ့မှာ ငြိမ်ဝပ်စွာနေ၍ ကိုယ်တော်ကို ငံ့လင့်လော့”
-
ရွှင်လန်းမှုကို ပျောက်ဆုံးသွားစေနိုင်တဲ့၊ ဘုရားနဲ့ရင်းနှီးတဲ့ဆက်ဆံရေးကို ပျက်စီးသွားစေနိုင်တဲ့ မဆင်မခြင်လုပ်ရပ်များကို ရှောင်ပါ
‘စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံရမည်’
-
နှိမ့်ချမှုရှိပါ၊ ကြုံတွေ့နေရတဲ့ မတရားမှုအားလုံးကို ယေဟောဝါဘုရား ဖယ်ရှားပေးမယ့်အချိန်ထိ စိတ်ရှည်ရှည်စောင့်ပါ
-
ယုံကြည်သူချင်းတွေကို ဆက်ထောက်မပေးပါ၊ စိတ်ဓာတ်ကျနေသူတွေကို မကြာခင်ရောက်လာတော့မယ့် ကမ္ဘာသစ်အကြောင်းပြောပြပြီး နှစ်သိမ့်ပေးပါ