မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဥ်

အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—သွန်သင်ခြင်းမှာ ဗီဒီယိုတွေကို အသုံးပြုပါ

အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—သွန်သင်ခြင်းမှာ ဗီဒီယိုတွေကို အသုံးပြုပါ

ဘာကြောင့်အရေးကြီး–

ဗီဒီယိုတွေဟာ အမြင်အာရုံနဲ့ အကြားအာရုံကို ဖမ်းစားနိုင်စွမ်းရှိတာမို့ လူတွေရဲ့စိတ်ကို ထိမိစေတယ်။ ဒါ့အပြင် စိတ်ဝင်စားလာအောင်၊ စိတ်ထဲစွဲမှတ်သွားအောင် လုပ်ဆောင်နိုင်စွမ်းရှိတယ်။ သွန်သင်ခြင်းမှာ သင်ထောက်ကူပစ္စည်းအသုံးပြုတဲ့ အကောင်းဆုံးစံနမူနာရှင်ကတော့ ယေဟောဝါဘုရားသခင်ပါပဲ။—တ. ၁၀:၉-၁၆; ဗျာ. ၁:၁

ဘုရားသခင်မှာ နာမည်ရှိသလားသမ္မာကျမ်းစာ အာဘော်ရှင်က ဘယ်သူလဲကျမ်းစာက မှန်ကန်သလား ဗီဒီယိုတွေက သတင်းကောင်းဘရိုရှာရဲ့ အခန်း ၂ နဲ့ ကို ပိုနားလည်ဖို့ ထောက်ကူပေးတယ်။ ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲကျမ်းစာလေ့လာမှုကို ဘယ်လိုလုပ်ကြသလဲနိုင်ငံတော်ခန်းမမှာ ဘာတွေလုပ်ဆောင်ကြသလဲ ဗီဒီယိုတွေကလည်း လူတစ်ဦးကို ကျမ်းစာလေ့လာချင်အောင်၊ အသင်းတော်စည်းဝေးတွေ တက်ချင်အောင် လှုံ့ဆော်ပေးတယ်။ ဒါ့အပြင် အဖွဲ့စည်းထုတ် တခြားဗီဒီယိုတွေကို ကျမ်းစာသင်အံမှုမှာ အသုံးပြုနိုင်ပါတယ်။ —km ၅/၁၃ ၃

လုပ်ဆောင်နိုင်ပုံ–

  • အိမ်ရှင်ကိုပြပေးချင်တဲ့ ဗီဒီယိုကို ကူးယူထားပါ

  • မေးခွန်းတစ်ခု၊ နှစ်ခုလောက် ပြင်ဆင်ပါ၊ ကိုယ်မေးမယ့်မေးခွန်းတွေရဲ့အဖြေက ဗီဒီယိုမှာ ပါရှိရမယ်

  • ဗီဒီယိုကို အတူတူကြည့်ပါ

  • အဓိကအချက်တွေကို ဆွေးနွေးပါ

ကြိုးစားကြည့်ပါ–

  • ဝေစာတစ်စောင်ရဲ့ နောက်ကျောကိုလှန်ပါ၊ ပြီးနောက် ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ ဗီဒီယိုကို ညွှန်းပေးတဲ့ QR ကုတ်ဒ်ကို ပြပေးပါ

  • ကျမ်းစာက မှန်ကန်သလား ဗီဒီယိုကို ဖွင့်ပြပါ၊ ပြီးနောက် သတင်းကောင်းဘရိုရှာဝေငှပြီး အခန်း ၃ ကို အလေးပေးပြောပါ