ခရစ်ယာန်အသက်တာလမ်းစဉ်
မိဘတို့၊ ယေဟောဝါရဲ့ ကျေးကျွန်တွေဖြစ်လာဖို့ သားသမီးတွေကို သွန်သင်ပေးပါ
ဘုရားကိုကြောက်ရွံ့တဲ့ မိဘတွေဟာ သားသမီးတွေ ယေဟောဝါရဲ့ သစ္စာရှိကျေးကျွန်တွေ ဖြစ်လာတာကို မြင်ချင်ကြတယ်။ သားသမီးတွေ ငယ်ရွယ်စဉ်ကတည်းက ကျမ်းစာသွန်သင်ချက်တွေကို သူတို့နှလုံးထဲရောက်အောင် မိဘက သင်ပေးမယ်ဆိုရင် အဲဒီလို ဖြစ်လာလိမ့်မယ်။ (တရ ၆:၇။ ပ ၂၂:၆) အဲဒီလိုဖြစ်ဖို့ အနစ်နာခံရမယ်။ ဒါပေမဲ့ အနစ်နာခံရကျိုး နပ်ပါတယ်။—၃ယ ၄။
ယောသပ်နဲ့ မာရိဆီကနေ မိဘတွေ အများကြီး သင်ယူနိုင်တယ်။ အလုပ်များ၊ ကုန်ကျစရိတ်များပေမဲ့ သူတို့ဟာ “ပသခါပွဲခံချိန်မှာ ဂျေရုဆလင်မြို့ကို နှစ်တိုင်း သွားလေ့ရှိတယ်။” (လု ၂:၄၁) မိသားစုနဲ့ ယေဟောဝါ ရင်းနှီးတဲ့ဆက်ဆံရေး ရှိဖို့က ယောသပ်နဲ့ မာရိအတွက် အရေးအကြီးဆုံးဆိုတာ ထင်ရှားတယ်။ အဲဒီလိုပဲ ယနေ့ခေတ် မိဘများလည်း အခွင့်အရေးရတိုင်း အပြောနဲ့ရော ပုံသက်သေနဲ့ပါ သွန်သင်ပေးခြင်းအားဖြင့် သားသမီးတွေကို မှန်ကန်တဲ့လမ်းပေါ် ရှိနေစေနိုင်တယ်။—ဆ ၁၂၇:၃-၅။
အခွင့်အရေးတိုင်းကို သူတို့အသုံးချ ဗီဒီယိုကို ကြည့်ပြီး အောက်ပါမေးခွန်းတွေကို ဖြေပါ–
-
ဂျွန်နဲ့ ရှာရွန် ရှီလာတို့ဟာ မိသားစုကို ပြုစုပျိုးထောင်ရင်း ယေဟောဝါရဲ့အမှုတော်ကို ဘယ်လို အမြဲ ဦးစားထားသလဲ။
-
မိဘတွေဟာ သားသမီးတစ်ယောက်စီရဲ့ လိုအပ်ရာနဲ့အညီ ဘာကြောင့် ဆုံးမသွန်သင်ရမလဲ။
-
ယုံကြည်ခြင်းစမ်းသပ်မှုတွေကို ခံရပ်နိုင်ဖို့ သားသမီးတွေကို မိဘတွေ ဘယ်လို ပြင်ဆင်ပေးနိုင်သလဲ။
-
သားသမီးတွေကို ယေဟောဝါရဲ့မိတ်ဆွေ ဖြစ်စေဖို့ ကူညီပေးရာမှာ အဖွဲ့အစည်း ပြင်ဆင်ပေးတဲ့ ဘယ်ကိရိယာတွေကို သင် အသုံးပြုသလဲ။