မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာ လမ်းစဉ်

ယေဟောဝါ ဘယ်လို စဉ်းစားမလဲ

ယေဟောဝါ ဘယ်လို စဉ်းစားမလဲ

အရေးကြီး​တာ​ဖြစ်စေ၊ အရေး​မကြီး​တာ​ပဲ ဖြစ်ပါစေ ဆုံးဖြတ်ချက် မချခင်မှာ ‘ယေဟောဝါ ဘယ်လို စဉ်းစား​မလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်​သလား။ ယေဟောဝါရဲ့​စိတ်​ကို ကျွန်တော်တို့ အလုံးစုံ မသိ​နိုင်ပေမဲ့ “မွန်မြတ်တဲ့​အလုပ် အမျိုးမျိုး” ကို လုပ်နိုင်ဖို့ ကျမ်းစာမှာ အလုံအလောက် ဖော်ပြ​ပေးထားတယ်။ (၂တိ ၃:၁၆၊ ၁၇။ ရ ၁၁:၃၃၊ ၃၄) ယေရှုဟာ ယေဟောဝါရဲ့​အလိုတော်ကို ရှင်းရှင်း​လင်းလင်း သိရှိ​ခဲ့​ပြီး အဲဒါကို သူ့​ဘဝမှာ အဓိက​ထားခဲ့တယ်။ (ယဟ ၄:၃၄) ယေရှုကို တုပ​ပြီး ယေဟောဝါ နှစ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်​နိုင်ကြ​စို့။—ယဟ ၈:၂၈၊ ၂၉။ ဧ ၅:၁၅-၁၇

ယေဟောဝါရဲ့ အလိုတော်ကို သိနားလည်အောင် အမြဲ ကြိုးစားပါ (ဝ ၁၉:၁၈) ဗီဒီယိုကို ကြည့်ပါ၊ ပြီးတဲ့နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • ကျွန်တော်တို့ရဲ့​ဘဝမှာ ကျမ်းစာ​မူတွေကို ဘာကြောင့် ကျင့်သုံး​ရမလဲ။

  • တေးဂီတ​ရွေးချယ်ရာမှာ ဘယ်​ကျမ်းစာ​မူတွေကို ထည့်​စဉ်းစား​သင့်သလဲ။

  • ဝတ်စား​ဖြီးလိမ်းပုံ ရွေးချယ်ရာမှာ ဘယ်​ကျမ်းစာ​မူတွေကို ထည့်​စဉ်းစား​သင့်သလဲ။

  • ဘဝရဲ့ တခြား ဘယ်​ကဏ္ဍတွေမှာ ကျမ်းစာ​မူတွေကို ကျင့်သုံး​ရမလဲ။

  • ယေဟောဝါရဲ့​အလိုတော်ကို ပိုပြီး သိ​နားလည်​နိုင်အောင် ဘယ်လို လုပ်နိုင်သလဲ။

ငါ့ရဲ့ ဆုံးဖြတ်ချက်တွေက ယေဟောဝါနဲ့ ငါ့ရဲ့ ဆက်ဆံရေး​အကြောင်း ဘာ​ဖော်ပြသလဲ