မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

အပန်းဖြေမှုကို ပညာရှိရှိ ရွေးချယ်ပါ

အပန်းဖြေမှုကို ပညာရှိရှိ ရွေးချယ်ပါ

အပန်းဖြေမှု​ကို ဘာကြောင့် ပညာရှိရှိ ရွေးချယ်​ရမလဲ။ အကြောင်းကတော့ ကြည့်​မယ့်​ရုပ်ရှင်၊ နားထောင်​မယ့် တေးသီချင်း၊ ဝင်​ကြည့်မယ် ဝက်ဘ်ဆိုက်၊ ဖတ်မယ့်​စာအုပ်၊ ကစား​မယ့် ဗီဒီယို​ဂိမ်းတွေကို ရွေးချယ်​တယ်​ဆိုတာ စိတ်ထဲ ဘာတွေ ဖြည့်​မလဲ​ဆိုတာကို ရွေးချယ်​နေတာ ဖြစ်လို့ပဲ။ ကိုယ့်ရဲ့ ရွေးချယ်မှုက ကိုယ့်ရဲ့ အမူအကျင့်​အပေါ် အကျိုး​သက်ရောက်တယ်။ ဝမ်းနည်းစရာက ယနေ့ခေတ် အပန်းဖြေမှု​တွေ​မှာ ယေဟောဝါ ပြစ်တင်​ရှုတ်ချ​ထားတဲ့ အရာတွေ ပါဝင်​နေတယ်။ (ဆ ၁၁:၅။ ဂ ၅:၁၉-၂၁) ဒါကြောင့် ယေဟောဝါကို ဂုဏ်တင်တဲ့​အရာတွေကို အမြဲ​ဆင်ခြင်​သုံးသပ်​နေဖို့ ကျမ်းစာက တိုက်တွန်း​တယ်။—ဖိ ၄:၈

ဘယ်လို​ဖျော်ဖြေရေး​ကို ငါ ရွေးချယ်​သင့်သလဲ ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • ရှေး​ရောမ​အချိန်​က ထိုး​သတ်​ကစား​ပွဲ​တွေဟာ အခုခေတ် အပန်းဖြေမှု​တချို့​နဲ့ ဘယ်လို ဆင်တူ​သလဲ။

  • အပန်းဖြေမှု​ကို ပညာရှိရှိ ရွေးချယ်​ဖို့ လူငယ်တွေကို အသင်းတော်က ညီအစ်ကို/မ​တွေ ဘယ်လို ကူညီ​ပေးနိုင်​သလဲ။

  • အပန်းဖြေမှု ရွေးချယ်ရာမှာ ရောမ ၁၂:၉ က ဘယ်လို အကျိုး​သက်ရောက်​သင့်သလဲ။

  • သင့်​ဒေသမှာ အကျိုး​ရှိတဲ့ အပန်းဖြေမှု​တချို့က ဘာတွေလဲ။