မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဂလာတိ ၄-၆

ကျွန်တော်တို့အတွက် အဓိပ္ပာယ်ရှိတဲ့ “တင်စားချက်”

ကျွန်တော်တို့အတွက် အဓိပ္ပာယ်ရှိတဲ့ “တင်စားချက်”

၄:၂၄-၃၁

ပဋိညာဉ်​သစ်​က ပညတ်ပဋိညာဉ်​ထက် သာလွန်​တဲ့​အကြောင်း ဖော်ပြဖို့ “တင်စားချက်” တွေကို တမန်တော်​ပေါလု အသုံးပြုခဲ့တယ်။ ခရစ်တော်​နဲ့ အမွေခံဖက်​တွေရဲ့ မေတ္တာပါ ကြီးကြပ်မှု​အောက်မှာ လူသား​အားလုံး အပြစ်၊ မစုံလင်မှု၊ ဝမ်းနည်းမှု၊ သေခြင်းကနေ လွတ်မြောက်​ကြ​မှာ​ဖြစ်တယ်။—ရှာ ၂၅:၈၊ ၉

 

အစေခံ​မ ဟာဂရ

ပညတ်ပဋိညာဉ်​အောက်မှာ ရှိတဲ့ တကယ့်​အစ္စရေး​လူမျိုး။ မြို့တော်​က ဂျေရုဆလင်​ဖြစ်

အစေခံမ မဟုတ်တဲ့ စာရာ

ဘုရား​အဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာ​အပိုင်းဖြစ်တဲ့ အထက် ဂျေရုဆလင်

ဟာဂရ​ရဲ့ “သားသမီးတွေ”

ယေရှုကို ညှဉ်းဆဲ၊ ငြင်းပယ်ခဲ့​တဲ့ ဂျူးလူမျိုး (မောရှေ​ပညတ်ကို လိုက်နာမယ်​လို့ ယေဟောဝါထံ​မှာ ကတိပြု​ထားသူတွေ)

စာရာရဲ့ “သားသမီးတွေ”

ခရစ်တော်​နဲ့ ဘိသိက်ခံ​ခရစ်ယာန် ၁၄၄,၀၀၀

ပညတ်ပဋိညာဉ်​အောက်​က ကျွန်ဘဝ

အစ္စရေး​တွေဟာ အပြစ်ရဲ့​ကျွန်တွေ ဖြစ်မှန်း ပညတ်တရား​က အမှတ်​ရစေ

ပဋိညာဉ်​သစ်​က လွတ်မြောက်​စေ

ခရစ်တော်ရဲ့ ပူဇော်သက္ကာ​တန်ဖိုးကို ယုံကြည်ခြင်းက ပညတ်တရားကို အပြည့်အဝ မလိုက်လျှောက်​နိုင်တဲ့​အပြစ်​ကနေ လွတ်မြောက်​စေ