အစ်ကိုတွေကို ယောသပ် ခွင့်လွှတ်
အထူးသဖြင့် ကိုယ့်ကို ထိခိုက်အောင် တမင်တကာ လုပ်တဲ့သူကို ခွင့်လွှတ်ဖို့ ခက်နိုင်ပါတယ်။ အစ်ကိုတွေရဲ့ မတော်မတရား ဆက်ဆံတာကို ခံခဲ့ရပေမဲ့ ခွင့်လွှတ်ဖို့ ယောသပ်ကို ဘာက ကူညီပေးခဲ့သလဲ။
-
ယောသပ်ဟာ ကလဲ့စား မချေခဲ့ဘူး။ အစ်ကိုတွေကို ခွင့်လွှတ်ဖို့ အကြောင်းရှာခဲ့တယ်။—ဆ ၈၆:၅။ လု ၁၇:၃၊ ၄
-
ယောသပ်မှာ နာကြည်းစိတ် မရှိခဲ့ဘူး။ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်တဲ့ ယေဟောဝါကို အတုယူခဲ့တယ်။—မိ ၇:၁၈၊ ၁၉
ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ငါ ဘယ်လို အတုယူနိုင်သလဲ