မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်​အသက်တာ​လမ်းစဉ်

စကားစမြည် ပြောဆိုနိုင်ပုံ နမူနာကို အသုံးပြုပုံ

စကားစမြည် ပြောဆိုနိုင်ပုံ နမူနာကို အသုံးပြုပုံ

ဇန်နဝါရီ ၂၀၁၈ က​စပြီး ခရစ်ယာန်​အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း—လေ့ကျင့်ခန်း​စာစောင် ရှေ့​စာမျက်နှာမှာ စကားစမြည် ပြောဆို​နိုင်ပုံ နမူနာ ထည့်​ပေးခဲ့တယ်။ အဲဒါကို ဘယ်လို အသုံးပြု​နိုင်သလဲ။

ကျောင်းသား​တာဝန် ကျတဲ့​အခါ– နမူနာ​မှာပါတဲ့ မေးခွန်း၊ ကျမ်းချက်၊ နောက်​လည်ပတ်မှု​အတွက် မေးခွန်းတွေကို သုံးသင့်တယ်။ ဒါပေမဲ့ နမူနာ ဗီဒီယိုမှာ ပါတဲ့ စကားလုံး​အတိုင်း အတိအကျ လိုက်​ပြောရမယ်လို့ မဆိုလို​ပါဘူး။ မတူညီတဲ့ ဇာတ်အိမ်၊ နိဒါန်း၊ ကျိုးကြောင်း​ဆင်ခြင်​ပုံ​တွေ သုံး​နိုင်ပါတယ်။ တာဝန်​ညွှန်ကြားချက်​ထဲမှာ သတ်သတ်မှတ်မှတ် မဖော်​ပြ​ထားရင်​တောင် သွန်သင်ခြင်း​ကိရိယာ​ထဲ​က စာပေ​တစ်ခုခုကို ဝေငှ​နိုင်ပါတယ်။

အမှုဆောင်​လုပ်ငန်းမှာ– စကားစမြည် ပြောဆို​နိုင်ပုံ နမူနာ​တွေဟာ အထောက်အကူ ဖြစ်စေဖို့ ပြင်ဆင်​ပေးထား​တာ​ပါ။ တစ်ယောက်ယောက်​က တကယ်​စိတ်ဝင်စားတယ်၊ ထပ်​သိချင်​တယ်​ဆိုရင် ပြန်လည်ပတ်မှု နမူနာ​မှာပါတဲ့ အချက်တွေကို ဆက်ပြော​နိုင်ပါတယ်။ စကားစမြည် ပြောဆို​နိုင်ပုံ နမူနာ​တွေကို ပြုပြင်​နိုင်တယ်၊ ဒါမှမဟုတ် တခြား​အကြောင်းအရာ တစ်ခုခုကို ပြောနိုင်ပါတယ်။ အရင်လ​က အကြောင်းအရာ ဒါမှမဟုတ် ရပ်ကွက်​က လူတွေ စိတ်ဝင်စားမယ့် ကျမ်းချက်ကို သုံး​နိုင်တယ်။ ရပ်ကွက်​က လူတွေက လတ်တလော ဖြစ်ပျက်​နေတဲ့ အဖြစ်အပျက်​တစ်ခု၊ သတင်း​တစ်ခုကို စိတ်ဝင်စား​နေ​သလား။ စကားစမြည် ပြောဆို​နိုင်ပုံ နမူနာကို ဘယ်လိုပဲ အသုံးပြုပါ​စေ ပန်းတိုင်​က ‘သတင်းကောင်းကို တခြား​သူတွေဆီ ဟော​နိုင်ဖို့ သတင်းကောင်း​အတွက် လုပ်နိုင်တာ​မှန်သမျှ လုပ်’ ဖို့ ဖြစ်တယ်။—၁က ၉:၂၂၊ ၂၃