မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ

“အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ”

“အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ”

ဟေရှာယရဲ့ တလိုတလား ပေးဆပ်လိုစိတ်ဟာ တကယ့်ကို တုပထိုက်ပါတယ်။ အခြေအနေကို အသေးစိတ် မသိပေမဲ့ ယုံကြည်ခြင်းတင်ပြပြီး လိုအပ်ရာအတွက် သူချက်ချင်းတုံ့ပြန်ခဲ့တယ်။ (ဟေရှာ. ၆:၈) သင်လည်း ကြေညာသူတွေ ပိုလိုအပ်တဲ့ဒေသမှာ ပြောင်းရွှေ့အမှုဆောင်ဖို့ အခြေအနေတွေကို ပြုပြင်ပြောင်းလဲနိုင်မလား။ (ဆာ. ၁၁၀:၃) အဲဒီလိုပြောင်းရွှေ့တဲ့အခါ ‘ကုန်ကျစရိတ်ကို တွက်ချက်’ ဖို့ လိုအပ်မယ်ဆိုတာ မှန်ပါတယ်။ (လု. ၁၄:၂၇၊ ၂၈) ဒါပေမဲ့ ဟောပြောခြင်းလုပ်ငန်းအတွက် ကိုယ်ကျိုးစွန့်ဖို့ လိုလိုလားလားရှိပါ။ (မ. ၈:၂၀။ မာ.၁၀:၂၈–၃၀) ယေဟောဝါအတွက် အမှုဆောင်ခြင်းကနေ ရရှိတဲ့ကောင်းချီးတွေဟာ ကျွန်တော်တို့ စွန့်လွှတ်ခဲ့တာတွေထက် အဆပေါင်းများစွာ သာလွန်မှန်း သာ၍လိုအပ်တဲ့နေရာမှာ ပြောင်းရွှေ့အမှုဆောင်ခြင်း ဗီဒီယိုမှာ ဖော်ပြထားတာကို သတိပြုပါ။

ဗီဒီယိုကြည့်ပြီးနောက် ဒီမေးခွန်းတွေကို ဖြေပါ–

  • အီကွေဒေါနိုင်ငံမှာ အမှုဆောင်နိုင်ဖို့ ညီအစ်ကို ဝီလီယံတို့ မိသားစုလိုက် ဘယ်လို ကိုယ်ကျိုးစွန့်ခဲ့ကြသလဲ။

  • အမှုဆောင်မယ့်နေရာကို ရွေးချယ်တဲ့အခါ ဘယ်အချက်တွေကို သူတို့ ထည့်စဉ်းစားခဲ့ကြသလဲ။

  • ဘာကောင်းချီးတွေ ရခဲ့ကြသလဲ။

  • သာ၍လိုအပ်တဲ့နေရာမှာ အမှုဆောင်နိုင်ဖို့ လိုအပ်တဲ့ အကြံပြုချက်တွေကို ဘယ်မှာရှာတွေ့နိုင်သလဲ။

မိသားစုဝတ်ပြုမှုမှာ ဒီမေးခွန်းတွေကို ဆွေးနွေးသုံးသပ်ပါ–

  • အမှုဆောင်လုပ်ငန်းမှာ မိသားစုလိုက် ဘယ်လို တိုးချဲ့ပါဝင်နိုင်မလဲ။ (km ၈/၁၁ ၄–၆)

  • သာ၍လိုအပ်တဲ့နေရာမှာ အမှုမဆောင်နိုင်ရင်တောင် ကိုယ့်အသင်းတော်မှာ ဘယ်လိုနည်းတွေနဲ့ ကူညီပေးနိုင်သလဲ။ (က၁၆.၀၃ ၃–၅)