မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

ဘုရားဆီကရတဲ့ ပညာရေးက တစ်ဖက်သတ်အစွဲကို အောင်နိုင်

ဘုရားဆီကရတဲ့ ပညာရေးက တစ်ဖက်သတ်အစွဲကို အောင်နိုင်

ယေဟောဝါဟာ မျက်နှာမလိုက်ဘူး။ (တ. ၁၀:၃၄၊ ၃၅) “လူမျိုးများ၊ လူမျိုးနွယ်များ၊ လူစုများနှင့် ဘာသာစကားများ အားလုံးထဲမှ ထွက်လာသူ” တွေကို ကိုယ်တော် လက်ခံတယ်။ (ဗျာ. ၇:၉) ဒါကြောင့် ခရစ်ယာန်အသင်းတော်မှာ တစ်ဖက်သတ်အစွဲတွေ၊ မျက်နှာလိုက်တာတွေ မရှိဘူး။ (ယာ. ၂:၁–၄) ကျေးဇူးတင်စရာက ဘုရားဆီကရတဲ့ ပညာရေးကြောင့် လူတွေရဲ့ အကျင့်စရိုက် ပြောင်းလဲလာတဲ့အတွက် ပုံဆောင်ပရဒိသုမှာ ကျွန်တော်တို့ ရှိနေကြတယ်။ (ဟေရှာ. ၁၁:၆–၉) စိတ်နှလုံးထဲမှာ တစ်ဖက်သတ်အစွဲ နည်းနည်းမှ မကျန်အောင် ကြိုးစားထုတ်ပစ်ခြင်းအားဖြင့် ဘုရားသခင်ကို တုပကြောင်း သက်သေပြနေကြတယ်။—ဧ. ၅:၁၊ ၂

ဂျွန်နီနဲ့ ဂီဒီယန်–တစ်ချိန်က ရန်သူ၊ အခုတော့ ညီအစ်ကို ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် ဒီမေးခွန်းတွေကို ဖြေကြည့်ပါ–

  • လူမျိုးရေးခွဲခြားမှုနဲ့ တစ်ဖက်သတ်အစွဲ မရှိအောင် လူတွေရဲ့ ကြိုးစားအားထုတ်မှုထက် ဘုရားဆီကရတဲ့ ပညာရေးက ဘာကြောင့် ပိုသာလွန်တာလဲ။

  • ကမ္ဘာချီညီအစ်ကို အသင်းအပင်းနဲ့ပတ်သက်ပြီး ဘယ်အချက်ကို သင် အနှစ်သက်ဆုံးလဲ။

  • ခရစ်ယာန်စည်းလုံးမှုကို ထိန်းသိမ်းတာက ယေဟောဝါကို ဘယ်လိုနည်းနဲ့ ဂုဏ်တင်ရာရောက်သလဲ။