မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဟေရှာယ ၁–၅

‘ထာဝရဘုရား၏ တောင်တော်သို့ တက်သွားကြကုန်အံ့’

‘ထာဝရဘုရား၏ တောင်တော်သို့ တက်သွားကြကုန်အံ့’

၂:၂၊ ၃

“နောက်ဆုံးသော ကာလ”

ကျွန်တော်တို့ အသက်ရှင်နေတဲ့ လက်ရှိအချိန်

“ထာဝရဘုရားအိမ်တော် တည်သောတောင်”

ယေဟောဝါရဲ့ မြင့်မြတ်ပြီး စစ်မှန်တဲ့ဝတ်ပြုရေး

“ခပ်သိမ်းသော လူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်”

စစ်မှန်တဲ့ဝတ်ပြုရေးကို လက်ခံသူတွေ စည်းလုံးစွာ စုဝေးနေကြ

‘လာကြလော့။ ထာဝရဘုရား၏ တောင်တော်သို့ တက်သွားကြကုန်အံ’

စစ်မှန်တဲ့ ဝတ်ပြုသူတွေဟာ တခြားသူတွေကိုပါ ဖိတ်ခေါ်

“လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်”

ယေဟောဝါက ကျွန်တော်တို့ကို ကျမ်းစာသုံးပြီး သွန်သင်တယ်၊ မိမိရဲ့လမ်းစဉ်အတိုင်း လျှောက်လှမ်းနိုင်ဖို့ ကူညီတယ်

၂:၄

“စစ်အတတ်ကိုလည်း နောက်တစ်ဖန် မသင်ရကြ”

စစ်လက်နက်တွေကို စိုက်ပျိုးရေး ကိရိယာတွေအဖြစ် ပြောင်းလဲကြလိမ့်မယ်လို့ ဟေရှာယ ဖော်ပြခဲ့တယ်။ ဆိုလိုတာက ယေဟောဝါရဲ့ လူမျိုးဟာ ငြိမ်သက်မှုရှိဖို့ ကြိုးစားကြလိမ့်မယ်။ ဒါဆို ဟေရှာယခေတ်က အသုံးပြုတဲ့ ကိရိယာတွေက ဘာတွေလဲ။

“ဓားလက်နက်များကို ထွန်သွားဖြစ်စေ”

ထွန်သွားကို မြေသားထွန်ယက်တဲ့အခါ အသုံးပြုတယ်။ တချို့ထွန်သွားတွေကို ကြေးနီ ဒါမှမဟုတ် ကြေးညိုနဲ့ ပြုလုပ်ထားတယ်။—၁ ရာ. ၁၃:၂၀

“လှံများကို တံစဉ်ဖြစ်စေ”

တံစဉ်ဆိုတာ ဓားသွားအကွေးကို လက်ကိုင်တပ်ထားတဲ့ ကိရိယာ ဖြစ်တယ်။ စပျစ်ပင်ချိုင်တဲ့အခါ တံစဉ်ကို အသုံးပြုတယ်။ —ဟေရှာ. ၁၈:၅