မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—“စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့သူတွေ” ကို တပည့်ဖြစ်လာအောင် ကူညီပေးပါ

အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—“စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့သူတွေ” ကို တပည့်ဖြစ်လာအောင် ကူညီပေးပါ

ဘာကြောင့်​အရေးကြီး– “ထာဝရ​အသက်​ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့​သူတွေ” ရဲ့​နှလုံး​ထဲမှာ အမှန်တရား​မျိုးစေ့ ကြီးထွားဖို့ ယေဟောဝါ လုပ်ဆောင်တယ်။ (တ ၁၃:၄၈။​ ၁က ၃:၇) အမှုဆောင်​လုပ်ငန်းမှာ တွေ့​တဲ့ လက်ခံ​တုံ့ပြန်​သူတွေကို အာရုံစိုက်​ကူညီပေးခြင်း​အားဖြင့် ဘုရားသခင်နဲ့ ကျွန်တော်တို့ တွဲဖက် လုပ်ဆောင်​ကြတယ်။ (၁က ၉:၂၆) ကယ်တင်ခြင်း​ရဖို့ နှစ်ခြင်း​ခံရမယ်ဆို​တာ ကျမ်းစာ​သင်သားတွေ နားလည်ဖို့​လိုတယ်။ (၁ပ ၃:၂၁) အသက်တာမှာ ပြုပြင်​ပြောင်းလဲမှု​တွေ လုပ်ဖို့၊ ဟောပြော သွန်သင်​တတ်ဖို့၊ ယေဟောဝါထံ သူတို့ရဲ့​အသက်တာကို အပ်နှံ​ဖို့ သင်ပေးခြင်း​အားဖြင့် တပည့်​ဖြစ်လာအောင် ကျွန်တော်တို့ ကူညီပေး​ကြတယ်။—မ ၂၈:၁၉၊ ၂၀

လုပ်ဆောင်​နိုင်ပုံ–

  • ကျမ်းစာ​လေ့လာတဲ့ ရည်ရွယ်ချက်​က ယေဟောဝါကို “သိကျွမ်း” လာဖို့၊ ဘုရား​နှစ်သက်မှု​ရဖို့ ဆိုတာ သင်သားတွေကို သတိ​ပေးပါ။—ယဟ ၁၇:၃

  • အကျင့်ဆိုး​တွေ၊ မသင့်တော်တဲ့ အပေါင်းအသင်းတွေ စတဲ့ အတားအဆီး​တွေကို အောင်မြင်​ကျော်လွှားခြင်း​အားဖြင့် ဘုရားရေးရာမှာ တိုးတက်အောင် သူတို့ကို ကူညီ​ပေးပါ။

  • သူတို့ နှစ်ခြင်း​မခံခင်​နဲ့ နှစ်ခြင်းခံ​ပြီးနောက်​မှာပါ အားပေးပါ။—တ ၁၄:၂၂

ယေဟောဝါ​ဘုရားသခင် သင့်ကို ကူညီ​ပေးလိမ့်မယ် ဗီဒီယိုကို ကြည့်ပါ၊ ပြီးတဲ့နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • လူ​တစ်ယောက်ဟာ ဘာကို​ကြောက်လို့ ဆက်ကပ်​အပ်နှံ နှစ်ခြင်း​ခံဖို့ တွန့်ဆုတ်​နေနိုင်သလဲ။

  • ဘုရားရေးရာမှာ တိုးတက်လာ​အောင် ကျမ်းစာ​သင်သားတွေကို အကြီးအကဲ​တွေ ဘယ်လို ကူညီ​ပေးနိုင်​သလဲ။

  • ဟေရှာယ ၄၁:၁၀ က ယေဟောဝါ​အကြောင်း ဘာသင်ပေးသလဲ။

  • မစုံလင်ပေမဲ့၊ ယေဟောဝါ လက်ခံ​တဲ့​နည်းနဲ့ အမှုဆောင်​နိုင်ဖို့ ဘယ်အရည်အသွေးတွေ​က ကူညီ​ပေးနိုင်​သလဲ။

တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ယေဟောဝါနဲ့ ကျွန်တော်တို့ ဘယ်လို တွဲဖက်လုပ်ဆောင်ကြသလဲ