မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

‘မြေကြီးက ခံတွင်းကိုဖွင့်ပြီး မြစ်ရေကို မျိုချလိုက်တယ်’

‘မြေကြီးက ခံတွင်းကိုဖွင့်ပြီး မြစ်ရေကို မျိုချလိုက်တယ်’

သမိုင်း​တစ်လျှောက်​မှာ လောက​အာဏာပိုင်တွေ​ဟာ ယေဟောဝါရဲ့​လူတွေကို ကူညီ​ပေးခဲ့​ကြတယ်။ (ဧဇ ၆:၁-၁၂။ ဧသ ၈:၁၀-၁၃) မျက်မှောက်ခေတ်မှာလည်း အကျိုးသင့်အကြောင်းသင့် ပို​ရှိတဲ့ လောက​အာဏာရှင်​တွေ​ဖြစ်တဲ့ “မြေကြီး” ဟာ “နဂါး” စာတန်​မာရ်နတ် မှုတ်​ထုတ်​တဲ့ နှိပ်စက်​ညှဉ်းပန်း​ခြင်း “မြစ်ရေ” ကို မျိုချ​လိုက်တယ်။ (ဗ ၁၂:၁၆) “ကယ်တင်တဲ့ ဘုရားသခင်” ယေဟောဝါဟာ မိမိ​လူတွေကို ကူညီ​ပေးဖို့ လူ့​အုပ်စိုးရှင်​တွေကို တစ်ခါတလေ လှုံ့ဆော်​ပေးတယ်။—ဆ ၆၈:၂၀။ ပ ၂၁:၁

ညီအစ်ကို/မတို့သာ ယုံကြည်ခြင်း​ကြောင့် ထောင်ချ​ခံရတယ်​ဆိုရင် ဘယ်လို နေ​မလဲ။ ယေဟောဝါ ကြည့်​နေတယ်​ဆိုတာ ဘယ်တော့မှ သံသယ​မရှိပါနဲ့။ (က ၃၉:၂၁-၂၃။ ဆ ၁၀၅:၁၇-၂၀) သင်တို့ရဲ့ ယုံကြည်ခြင်း ဆုချ​ခံရမယ်၊ သင်တို့ရဲ့သမာဓိက ကမ္ဘာတစ်ဝန်းမှာ​ရှိတဲ့ ညီအစ်ကို/မ​တွေ​အတွက် အားပေးမှု ဖြစ်စေမယ်​ဆိုတာ စိတ်ချပါ။—ဖိ ၁:၁၂-၁၄။ ဗ ၂:၁၀

ထောင်​က​လွတ်​လာတဲ့ ကိုရီးယား​ညီအစ်ကို​များ ဗီဒီယိုကို ကြည့်ပြီး အောက်ပါ​မေးခွန်း​တွေကို ဖြေပါ–

  • နှစ်တွေ​တစ်လျှောက် တောင်​ကိုရီးယား​နိုင်ငံမှာ​ရှိတဲ့ သောင်း​နဲ့​ချီတဲ့ ညီအစ်ကို​တွေ ဘာကြောင့် ထောင်ချ​ခံရသလဲ။

  • ဘယ်​တရားရေး ဆုံးဖြတ်ချက်တွေ​ကြောင့် ညီအစ်ကို​တချို့ စောစော လွတ်​လာသလဲ။

  • ကမ္ဘာတစ်ဝန်းမှာ ယုံကြည်ချက်​ကြောင့် ထောင်ကျ​နေတဲ့ ညီအစ်ကိုတွေကို ကျွန်တော်တို့ ဘယ်လို ကူညီ​ပေးနိုင်သလဲ။

  • ရရှိ​ထားတဲ့ လွတ်လပ်မှုကို ဘယ်လို အသုံးချသင့်သလဲ။

  • တရားရေး အောင်မြင်မှု​တွေ​ရတာ အဓိက ဘယ်သူ့​ကြောင့်​လဲ။

ငါ့ရဲ့ လွတ်လပ်မှုကို ငါ ဘယ်လို သုံး​နေသလဲ