ခရစ်ယာန်အသက်တာလမ်းစဉ်
အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—အလိုက်သင့် ပြုပြင်ပြောင်းလဲခြင်း
ဘာကြောင့် အရေးကြီး– ဘိသိက်ခံနဲ့ အခြားသိုးဟာ “အသက်ရေကို အခမဲ့ယူကြ” ဖို့ လူအမျိုးမျိုးကို ဖိတ်ခေါ်နေပါတယ်။ (ဗ ၂၂:၁၇) အဲဒီရေဟာ နာခံမှုရှိတဲ့လူသားတွေကို အပြစ်နဲ့ သေခြင်းအောက်ကနေ ကယ်တင်ဖို့ ယေဟောဝါ ပြင်ဆင်ပေးရာအားလုံးကို ဆိုလိုတယ်။ ဓလေ့ထုံးစံနဲ့ ဘာသာရေးယုံကြည်ချက် အမျိုးမျိုး ကွဲပြားနေတဲ့ လူတွေကို ကူညီဖို့ တစ်ဦးချင်းစီကို ဆွဲဆောင်နိုင်တဲ့နည်းနဲ့ “ထာဝရသတင်းကောင်း” တင်ဆက်ဖို့ လိုတယ်။—ဗ ၁၄:၆။
လုပ်ဆောင်နိုင်ပုံ–
-
သင့်ဒေသက လူတွေရဲ့နှလုံးကို ထိမိစေမယ့် အကြောင်းအရာနဲ့ ကျမ်းချက်ကို ရွေးပါ။ စကားစမြည် ပြောဆိုနိုင်ပုံ နမူနာတစ်ခု ဒါမှမဟုတ် သင်အောင်မြင်ခဲ့တဲ့နည်း တစ်ခုကို သုံးနိုင်ပါတယ်။ ဘယ်အကြောင်းအရာနဲ့ ဘယ်ကျမ်းချက်တွေကို လက်ခံကြသလဲ။ လတ်တလောမှာ လူတွေ ဘယ်သတင်းကို စိတ်ဝင်စားနေသလဲ။ အမျိုးသား ဒါမှမဟုတ် အမျိုးသမီးတစ်ဦးဟာ ဘယ်အကြောင်းအရာကို စိတ်ဝင်စားသလဲ။
-
စကားစမြည်ပြောတဲ့အခါ သင့်ဒေသရဲ့ နှုတ်ဆက်စကားနဲ့ ထုံးစံတွေကို သုံးပါ။—၂က ၆:၃၊ ၄
-
စိတ်ဝင်စားသူတွေကို ဝေမျှဖို့ သွန်သင်ခြင်းကိရိယာထဲက စာပေတွေ၊ ဗီဒီယိုတွေနဲ့ အကျွမ်းတဝင် ရှိပါ
-
သင့်ဒေသမှာ တွေ့နိုင်တဲ့ လူတွေရဲ့ ဘာသာစကားနဲ့ အချက်အလက်တွေ ကူးယူပါ
-
အိမ်ရှင်ရဲ့ လိုအပ်ချက်နဲ့အညီ အကြောင်းအရာကို ပြောင်းလဲပါ။ (၁က ၉:၁၉-၂၃) ဥပမာ၊ အိမ်ရှင်ရဲ့ ချစ်ရသူတစ်ဦး ဆုံးပါး သွားတာ သိပ်မကြာသေးဘူးဆိုရင် သင် ဘာပြောမလဲ။
ဗီဒီယိုကို ကြည့်ပြီး အောက်ပါမေးခွန်းတွေကို ဖြေပါ–
-
ကြေညာသူဟာ အိမ်ရှင်နဲ့ ဘာအကြောင်း စဆွေးနွေးခဲ့သလဲ။
-
အိမ်ရှင်ရဲ့ဘဝမှာ ဘာတွေ ကြုံတွေ့ခဲ့ရသလဲ။
-
ဒီအခြေအနေမှာ ဘယ်ကျမ်းချက်က အသင့်တော်ဆုံးဖြစ်သလဲ။ ဘာကြောင့်လဲ။
-
သင့်ဒေသမှာရှိတဲ့ လူတွေ စိတ်ဝင်စားစေဖို့ တင်ဆက်မှုကို ဘယ်လို ပြုပြင်ပြောင်းလဲနိုင်သလဲ။