ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဗျာဒိတ် ၂၀-၂၂
“အရာခပ်သိမ်းကို ငါ အသစ်ဖန်ဆင်းနေတယ်”
အရာခပ်သိမ်းကို အသစ်ဖန်ဆင်းမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။
“ကောင်းကင်သစ်”– ကမ္ဘာပေါ်မှာ ဖြောင့်မတ်တဲ့အခြေအနေတွေ ဖြစ်ပေါ်စေမယ့် အုပ်ချုပ်ရေးအသစ်
“မြေကြီးသစ်”– ဘုရားရဲ့ အုပ်ချုပ်မှုကို နာခံပြီး ဘုရားရဲ့ ဖြောင့်မတ်တဲ့စံနှုန်းတွေအတိုင်း နေထိုင်တဲ့ လူ့ဘောင်အဖွဲ့အစည်း
‘အရာခပ်သိမ်းကို အသစ်ဖန်ဆင်း’– ခန္ဓာပိုင်း၊ စိတ်ပိုင်း၊ စိတ်လှုပ်ရှားမှုပိုင်းမှာ ဆင်းရဲဒုက္ခ ခံခဲ့ရတာတွေကို နေ့ရက်တိုင်း ပျော်စရာအမှတ်တရတွေနဲ့ အစားထိုးသွားပါလိမ့်မယ်