အနာကြီးရောဂါနဲ့ပတ်သက်တဲ့ ပညတ်တွေကနေ သင်ယူပါ
အနာကြီးရောဂါနဲ့ပတ်သက်တဲ့ ပညတ်တွေက ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ကာကွယ်ဖို့ လိုကြောင်း ဘာသင်ပေးသလဲ။
-
အနာကြီးရောဂါကို မြန်မြန်ဆန်ဆန် ဖော်ထုတ်နည်းအကြောင်း ပုရောဟိတ်တွေကို ယေဟောဝါ သင်ပေးခဲ့။ အခုခေတ် သိုးထိန်းတွေလည်း ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိဖို့ အကူအညီ လိုအပ်နေသူတွေကို ချက်ချင်း ဂရုစိုက်ပေးနေ။—ယာ ၅:၁၄၊ ၁၅
-
ကူးစက်မှု မဖြစ်အောင် ရောဂါပိုး စွဲကပ်နေတဲ့ ပစ္စည်းတွေကို အစ္စရေးတွေ မီးရှို့ပစ်ရ။ ခရစ်ယာန်တွေလည်း အပြစ်ပြုမိစေနိုင်တဲ့ တန်ဖိုးကြီးအရာတွေကိုတောင် စွန့်ပစ်လိုစိတ် ရှိရမယ်။ (မ ၁၈:၈၊ ၉) အဲဒီအထဲမှာ အမူအကျင့်တွေ၊ အပေါင်းအသင်းတွေ၊ အပန်းဖြေမှုတွေ ပါဝင်
ယေဟောဝါရဲ့ အကူအညီကို လက်ခံလိုစိတ် ပြင်းပြကြောင်း ခရစ်ယာန်တစ်ယောက် ဘယ်လို ပြနိုင်သလဲ