ခရစ်ယာန်အသက်တာလမ်းစဉ်
သတင်းကောင်း ဟောပြောသူများအတွက် သင်တန်းလျှောက်လွှာ တင်ဖို့ လိုလိုလားလား ရှိပါသလား
သင်ဟာ အသက် ၂၃ နှစ်ကနေ ၆၅ နှစ်ကြား ရှိတဲ့ အချိန်ပြည့်အမှုဆောင် တစ်ဦးလား။ ကျန်းမာရေး ကောင်းသလား။ လိုအပ်တဲ့ နေရာတစ်ခုမှာ အမှုဆောင်နိုင်သလား။ မေးခွန်းအားလုံးကို ဟုတ်ကဲ့လို့ ဖြေတယ်ဆိုရင် သတင်းကောင်း ဟောပြောသူများအတွက် သင်တန်းလျှောက်လွှာ ဖြည့်ဖို့ စဉ်းစားဖူးသလား။ ပထမဆုံးသင်တန်းကစပြီး ထောင်နဲ့ချီတဲ့ မောင်နှံစုံတွေ၊ တစ်ကိုယ်ရေ ညီအစ်ကို၊ ညီအစ်မတွေ လျှောက်လွှာ တင်ခဲ့ကြတယ်။ ဒါပေမဲ့ တစ်ကိုယ်ရေ ညီအစ်ကိုတွေ ပိုလိုအပ်ပါတယ်။ ယေဟောဝါရဲ့ နှစ်သက်မှု ရလိုတဲ့ ဆန္ဒ၊ သားတော်ကို တုပလိုတဲ့ ဆန္ဒ တိုးများလာအောင် ဆုတောင်းပါ။ (ဆ ၄၀:၈။ မ ၂၀:၂၈။ ဟီ ၁၀:၇) အဲဒီနောက် ပြည့်မီဖို့ လိုတဲ့ မိသားစုတာဝန်၊ လောကအလုပ်၊ အကြွေး စတာတွေ ရှိမရှိ သုံးသပ်ပါ။ ပြုပြင်ပြောင်းလဲမှုတချို့ လုပ်ပြီး အရည်အချင်း ပြည့်မီဖို့ ကြိုးစားနိုင်မလား။
သင်တန်းဆင်းပြီးနောက်ပိုင်း ဘယ်တာဝန်တွေ ရနိုင်သလဲ။ တချို့သူတွေက ဘာသာခြားစကားပြောတဲ့ ဒေသတွေမှာ အမှုဆောင်ဖို့ တာဝန်ရတယ်။ မြို့ကြီးတွေမှာ အများရှေ့ အထူးသက်သေခံဖို့ တာဝန်ရတယ်။ တချို့ကျတော့ နောက်ပိုင်းမှာ အရန်တိုက်နယ်ကြီးကြပ်မှူး၊ တိုက်နယ်ကြီးကြပ်မှူး၊ လယ်ကွင်းသာသနာပြုအဖြစ် အမှုဆောင်ကြတယ်။ ယေဟောဝါရဲ့ အမှုတော်မှာ ပါဝင်နိုင်တဲ့ အလားအလာတွေကို စဉ်းစားတဲ့အခါ ပရောဖက် ဟေရှာယရဲ့ စကားတွေအတိုင်း “ကျွန်တော် ရှိပါတယ်။ ကျွန်တော့်ကို စေလွှတ်ပါ” လို့ ပြောနိုင်ကြပါစေ။—ရှာ ၆:၈။
ရိတ်သိမ်းခြင်းလုပ်ငန်းမှာ ပါဝင်နေတဲ့ လယ်ကွင်း သာသနာပြုများ ဗီဒီယိုကိုကြည့်ပြီး အောက်ပါမေးခွန်းတွေကို ဖြေပါ–
-
လယ်ကွင်းသာသနာပြုတွေကို ဘယ်လို ရွေးသလဲ။
-
လယ်ကွင်းသာသနာပြုတွေဟာ ဘယ်အလုပ်မွန်တွေ လုပ်နေကြသလဲ။
-
သာသနာပြုလုပ်ငန်းရဲ့ ကောင်းချီးတချို့က ဘာတွေလဲ။