မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာ​ထဲ​က အဖိုးတန်​ဘဏ္ဍာများ | ဝတ်ပြုရာ ၁၆–၁၇

အပြစ်ဖြေရာနေ့ကနေ ဘာသင်ယူနိုင်သလဲ

အပြစ်ဖြေရာနေ့ကနေ ဘာသင်ယူနိုင်သလဲ

၁၆:၁၂-၁၅

အပြစ်ဖြေရာ​နေ့မှာ​ သုံးတဲ့ နံ့သာပေါင်း​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။

  • သစ္စာရှိ​ကျေးကျွန်​တွေ​ရဲ့ ဆုတောင်းချက်​တွေ​ဟာ နံ့သာပေါင်းနဲ့​ တူ။ (ဆ ၁၄၁:၂) ပုရောဟိတ်​မင်း​က နံ့သာပေါင်း​ကို ယေဟောဝါ​ရှေ့ ရိုသေ​လေးစားစိတ်​နဲ့ ယူလာ​သလို ကျွန်တော်​တို့​လည်း ယေဟောဝါ​ဆီ ရိုသေ​လေးစားစိတ်​နဲ့ ဆုတောင်း​ကြ

  • ပုရောဟိတ်​မင်း​က ပူဇော်သက္ကာ​တွေ မ​ပူဇော်​ခင် နံ့သာပေါင်း​ကို အရင် ပူဇော်။ အဲဒီလိုပဲ ယေရှုဟာ မိမိ​အသက်ကို ပူဇော်သက္ကာ​အဖြစ် မဆက်သခင် မိမိရဲ့ ပူဇော်သက္ကာ​ကို ယေဟောဝါ လက်ခံ​စေဖို့ သမာဓိ​စောင့်သိ​တဲ့ လမ်းစဉ်​အတိုင်း အသက်ရှင်ခဲ့

ကျွန်တော်​တို့​ရဲ့ ဝတ်ပြုမှု​ကို ယေဟောဝါ လက်ခံ​စေဖို့ ဘာလုပ်ရမလဲ