ခရစ်ယာန်အသက်တာလမ်းစဉ်
ခင်ဗျားတို့ ပြတဲ့ မေတ္တာအတွက် ယေဟောဝါကို ကျေးဇူးတင်ပါတယ်
သက်သာလောနိတ်မြို့က ညီအစ်ကို၊ ညီအစ်မတွေဟာ အခက်အခဲတွေကြားမှာ ခရစ်ယာန်ချင်းတွေကို မေတ္တာပြခဲ့တယ်။ (၂သ ၁:၃၊ ၄) အခုခေတ် ယေဟောဝါရဲ့ လူတွေလည်း ကမ္ဘာတစ်ဝန်းက ညီအစ်ကိုတွေကို အလားတူ မေတ္တာမျိုး တင်ပြနေကြတယ်။ jw.org/my ထဲက “အလှူငွေတွေကို အသုံးပြုပုံ” ဆောင်းပါးတွဲတွေမှာ ဒီခက်ခဲတဲ့ အချိန်အတွင်း ညီအစ်ကိုတွေကို ထောက်ပံ့ဖို့ အလှူငွေတွေ ဘယ်လို အသုံးပြုတယ်ဆိုတာ ဖော်ပြထားတယ်။ ညီအစ်ကို၊ ညီအစ်မတွေရဲ့ မေတ္တာနဲ့ ရက်ရောမှုကို ချီးမွမ်းပါတယ်။
“ခင်ဗျားတို့အတွက် ဘုရားသခင်ကို ကျွန်တော်တို့ အမြဲ ကျေးဇူးတင်ပါတယ်” ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ။
• အလှူငွေတွေကို ဘယ်လုပ်ငန်းတွေမှာ အသုံးပြုသလဲ။
• လိုအပ်နေတဲ့ ညီအစ်ကို၊ ညီအစ်မတွေကို ငွေကြေးအရ ထောက်ပံ့နိုင်တဲ့ အကောင်းဆုံး နည်းလမ်းက ဘာလဲ။—jw.org/my ထဲက “ပိုလျှံရာတွေက ချို့တဲ့မှုကို ဖြည့်ဆည်းပေး” ဆောင်းပါးကိုလည်း ကြည့်ပါ။